ကောင်းကင်ရဲ့ အကြီးဆုံး (သို့ ) နတ်ဘုရားအားလုံးရဲ့ ဘုရင် ဇု (Zues)

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်နည်းနည်းနောက်ကျသွားတာလေးအတွက် တောင်းပန်ပါတယ်။ ဒီကနေ့ မှာဆိုရင်တော့ စာဖတ်ပရိတ်သတ်တွေအတွက် ဦးစားပေးလိုက်ပြီးတော့ စာသားတွေအဖြစ်ပဲ ပြန်လည်ရေးသားလိုက်ပါတယ်။
အိုကေ … ဆက်သွားရအောင်
Zues ကို လူတိုင်းနီးပါးသိကျမယ်ထင်ပါတယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့ ယောင်္ကျားလေးတွေ ငယ်ငယ်လေးကတည်းကသိပါတယ်။ God Of War 2 ဆော့တဲ့သူတိုင်း အဲ့ဘဲနဲ့ ကြိတ်ရပါတယ်။
ဒါပေမယ့် အဲ့တုန်းက အဲ့ဘဲအကြောင်းတွေအားလုံးကို ဂိမ်းဆိုင်က စီနီယာဘဲတွေ ဘာသာပြန်တာတွေကိုပဲ အမှန်အတည်လို့ အားလုံးက ယုံကြည်ခဲ့ရတယ်။
(အဲ့ဘဲတွေကလည်း လျှောက်ဖောတာပါ)
Zues ဆိုတာက လျှပ်စီးကိုအဓိကအားဖြင့် ကိုယ်စားပြုပါတယ်။ နတ်ဘုရားတွေအားလုံးထဲမှာ အင်အားအကြီးဆုံးနဲ့ အမြင့်မြတ်ဆုံးသော နတ်ဘုရားတစ်ပါးပါ။
ဘုရားနီးပါးလောက်ကို အစွမ်းထက်ပါ တယ်။ ကောင်းကင်ကြီးတစ်ခုလုံးက သူ့ ကို ကိုယ်စားပြုပါတယ်။
Zues ရဲ့ ဖခင်နဲ့ မိခင်ကတော့ Cronus နဲ့  Rhea တို့ ပဲဖြစ်ပါတယ်။ သူ့ မောင်နှမ နတ်ဘုရားတွေအားလုံးထဲမှာ သူက အငယ်ဆုံးပါ။
(ကျွန်တော်ထင်တာ သူကအကိုအကြီးဆုံးလို့ ) သမိုင်းတွေအရတော့ သူက Hera ကို လက်ထပ်ခဲ့ပါတယ်။ (အဲ့ဒါ Thor ရဲ့ အဒေါ်လားမသိဘူးနော်)
သူကဘယ်လောက်ထိနာမည်ကြီးသလဲဆိုရင် နတ်ဘုရားအားလုံးက သူ့ ကိုပြန်ပြီးတော့ ယုံကြည်ကိုးကွယ် တဲ့အထိကို သူက နာမည်ကြီးတဲ့သူလည်းဖြစ်ပါတယ်။ ရာသီဥတုနတ်ဘုရားတွေအားလုံးက သူ့ စကားကို အကုန်နားထောင်ရပါတယ်။
ဂရိခေတ်အထိသူ့ ကို ကိုးကွယ်တဲ့သူတွေရှိခဲ့ပြီးတော့ သူ့ ပုံစံရုပ်ထုတွေကိုလည်း 1680 ခုနှစ်မှာပုံစံတူတွေ ထုလုပ်ခဲ့ကျပါတယ်။ များသောအားဖြင့်တော့ ညာဘက်လက်ကို မြှောက်တင်ပြီးတော့ မိုးကြိုးသွားကို ကိုင် ဆောင်ထားတဲ့သူကိုဆိုလိုတာပါ။
မွေးချင်းအနေနဲ့ တော့ Hestia, Demeter, Hera, Hades,နဲ့  Poseidon တို့ က သူ့ မောင်နှမတွေဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ အကုန်လုံးကမွေးဖွားလာပြီးနောက်ပိုင်းမှာ သူ့ အဖေက ပြန်ပြီးတော့ မြိုချပြစ်ပါတယ်။ အဲ့အကျင့်ကို အဲ့ဘိုးတော်က Gaia နဲ့  Uranus ဆီကနေ ရရှိခဲ့ပါတယ်။
ဘာလို့ လဲဆိုတော့ သူမွေးလာတဲ့ သားသမီးအားလုံးက သူ့ ကိုပြန်ပြီးတော့ ဒုက္ခအကြီးအကျယ်ပေးမယ်လို့ သူကိုယ် တိုင်ယုံကြည်နေလို့ ပဲဖြစ်ပါတယ်။ အဲ့တော့ ပြန်ပြီးတော့ မြိုချပြစ်လိုက်ပါတယ်။ စောက်ရမ်းမိုက်တဲ့ အယူဝါဒပါပဲ။ ဗိုက် ထဲမှာ ချူပ်နှောင်ထားတာပါ။
ကြာလာတော့ မွေးပေးရတဲ့ သူတို့ မိခင်က ပေါက်ကွဲလာပါတယ်။ နောက်ဆုံးကတော့ Zues အလှည့်ပဲဆိုပါတော့လေ..
သူ့ အမေကတော့ သူ့ သားအငယ်ဆုံးကို အဲ့လိုမလုပ်နိုင်တဲ့အတွက် အနှီးကို ကျောက်တုံးတွေထည့်ပြီးတော့ သူ့ လင်တော်မောင်ကို ဆက်သလိုက်ပါတယ်။ ဆိုတော့ကာ အဲ့ဘဲကလည်း မဆိုင်းမတွပဲနဲ့ ထပ်မံမြိုချလိုက်ပါတယ်။ ဒါပေမယ့် Zues ကတော့ လွတ်မြောက်သွားတယ်ဆိုပါတော့လေ။
(သူ့ အဖေက မြန်မာပလာဇာလောက် အရွယ်အစား ကြီးမားပါတယ်)
Zues က Mount Ida မှာကြီးပြင်းခဲ့ရပါတယ်။ ဘာလို့ လည်းဆိုတော့ သူ့ အမေက အဲ့မှာသွားပြီးတော့ ၀ှက်ထားလို့ ပါ။ အဲ့မှာတော့ သူ့ ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ ပြီးတော့ သူ့ ငယ်ဘ၀ ကြီးပြင်းပုံက ဇာတ်လမ်း 5 ခုလောက်ကွဲနေလို့ ထုတ်မပြောတတ်တော့ပါဘူးဗျ။ ဘာသာပြန်ရင်းနဲ့ လည်း တိုင်တွေလည် လာလို့ ပါ။
စိတ်ဝင်စားဖို့ ကောင်းတာကတော့ Zues က အရွယ်ရောက်လာတဲ့အချိန်မှာ သူ့ အဖေကို သူပြန်ပြီးတော့ ရင်ဆိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်လဲဆိုရင်တော့ အရွယ်ရောက်ပြီးတော့ သူ့ အဖေဗိုက်ထဲမှာ ရှင်သန်နေရတဲ့ သူ့ ညီအကိုမောင်နှမတွေကို ပြန်လည်အန်ထုတ်ပေးဖို့ တောင်းဆိုပါတယ်။
နောက်ဆုံးပြောမရတော့ သူကိုယ်တိုင် သူ့ အဖေဗိုက်ကိုခွဲပြီးတော့ သူ့ မောင်နှမတစ်သုတ်ကို ခေါ်ထုတ် လိုက်ပါတော့တယ်။ အဖေကို ပြန်သတ်တော့ မြန်မာမှာဆိုရင်တော့ မိုက်ရိုင်းတဲ့ အဇာတသတ် လို့ အခေါ်ခံ ရမှာသေချာပါတယ်။
အိုကေ… နောက်နေ့ မှပဲ ဆက်ပြောတော့မယ်နော်။
အဲ့လိုရေးလိုက်ရင် ၀ိုင်းဆဲမယ်ဆိုတာ ကြိုသိတဲ့အတွက် တစ်ခါတည်းပဲ ဆက်ရေးပေးလိုက်ပါတယ်။
သူ့ အဖေကို အပြတ်အသတ်ကျွေးပြီးတဲ့နောက်ပိုင်းမှာတော့ သူ့ အဖေကိုယ်တိုင်ဖမ်းဆီးထားတဲ့ သူ့ ဦးလေးနှစ် ယောက်ကိုပါ ကယ်ယူခဲ့ပါတယ်။ ကယ်ဆယ်ခဲ့တာကတော့ Hecatonchires နဲ့ the Cyclopes တို့ ပဲဖြစ်ပါတယ်။
(သူ့ အဖေက သားသမီးနဲ့ သူ့ ညီအစ်ကိုနှစ်ယောက်ကိုပါပြန်လည်ဖမ်းဆီးထားတဲ့ သူပါ)
အဲ့လိုကယ်ဆယ်မှုကြီးအပြီးမှာတော့ the Cyclopes က သူ့ ကိုကယ်ဆယ်ခဲ့တဲ့ Zues ကို တန်ခိုးကြီးမားလွန်း တဲ့ လျှပ်စီးကို ထုတ်ပေးခဲ့ပါတယ်။ အဲ့မှာတစ်ခါတည်းဆက်ရှင်းပြရမယ် အဲ့လက်နက်ကိုလည်း The Cyclopes ကပိုင်ဆိုင်တာမဟုတ်ပါဘူး။
အဲ့လို မောင်နှမတစ်ပြုတ်နဲ့ ဦးလေးနှစ်ကောင်လည်း သူ့ ဘက်ရောက်ရော သူ့ အဖေနဲ့ အခြားသော Titan တွေကို အမုန်းဆွဲ ဗုံးကြဲဖြုတ်တာပေါ့လေ။ နောက်ဆုံးမှာတော့ Zues တို့ အနိုင်ရရှိသွားပါတယ်။
ရှုံးနိမ့်သွားတဲ့ Titan တွေကတော့ အမှောင်ကမ္ဘာ (သို့ ) မြေကြီးအောက်မှာ ပိတ်ပြီးတော့ အကျဉ်းချခဲ့ပါ တယ်။ ဘယ်လိုအပြစ်တွေပေးသလဲ ဥပမာပေးရမလဲဆိုရင်တော့ Atlas ဆိုတဲ့ Titan ဆိုရင်တော့ ကောင်းကင်ကို သူ့ ကျောပေါ်တင်ပြီးတော့ ထမ်းထားခိုင်းပါတယ်။
(ငလူး … တော်တော်ကြမ်းတယ်)
အားလုံးနီးပါးပြီးဆုံးသွားတဲ့အချိန်မှာတော့ Zues က သူ့ ညီကိုမောင်နှမတစ်ချို့ ကို ကမ္ဘာမြေကြီးကို ပိုင်စိုးခွင့် ပြန်လည်ခွဲဝေပေးလိုက်ပါတယ်။
အဲ့မှာဆိုရင်တော့ Poseidon က ရေ (သို့ ) ရေနဲ့ ပါတ်သတ်သမျှအရာ အားလုံးကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။
Hades ကတော့ သေခြင်း (သို့ ) ငရဲတစ်ခွင်ကို အပိုင်စားရရှိခဲ့ပါတယ်။
သူကိုယ်တိုင်ကတော့ ကောင်းကင်နဲ့ သတ်ဆိုင်သမျှကို အပိုင်စားယူလိုက်ပါတယ်။
အားလုံးလည်း ရှယ်ယာခွဲပြီးနောက်ပိုင်းမှာတော့ မြေကြီးနဲ့ ကုန်းမြေကို ပိုင်စိုးခဲ့တဲ့ Gaia နဲ့ သူ့ သားသမီးကို ပြန်ပြီးတော့ အပြီးသတ်ဖြုတ်ပါတယ်။ Gaia မှာကတော့ နာမည်ကြီးသားသမီးနှစ်ယောက်ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ monsters Typhon နဲ့  Echidna တို့ ပဲဖြစ်ပါတယ်။ ဒါပေမယ့် Zues က အားလုံးကို အနိုင်ယူခဲ့ပါ တယ်။
နှိမ်နှင်းမှုတွေအပြီးမှာတော့ Typhon ကိုတော့ အပြစ်ပေးတဲ့အနေနဲ့  Mount Etna ရဲ့ အောက်ခြေမှာ ပိတ်ထားခဲ့ပါတယ်။့  Echidna နဲ့ အခြားသော သူ့ ရဲ့ ကလေးတွေကိုတော့ ပြန်လည်လွတ်လပ်ခွင့်ပေးခဲ့ပါတယ်။
ထူးခြားတာကတော့ Zues က သူ့ မောင်နှမတွေထဲကတစ်ယောက်ဖြစ်တဲ့ Hera နဲ့ ပြန်ယူထားတာပါ။ မောင်နှမချင်းပြန်ယူထားတာပါ။ အဲ့နောက်မှာတော့ သားသမီးတွေထပ်ထွန်းကားပါတယ်။ ဒါပေမယ့် ထူးခြား တာတစ်ခုကတော့ Hercules တစ်ယောက် စာရင်းထဲကနေ ပျောက်နေတယ်ဆိုတာပါပဲ။
ထားပါတော့လေ .. အဲ့ထပ် ထူးခြားတာတစ်ခုကို ထပ်ပြောပြပါမယ်။
Zues က ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ မြတ်စွာ ဘုရားထံမှာ 2nd ရာစုက ကာကွယ်စောင့်ရှောက်ပေးသူ တစ်ဦးဖြစ်ဖူးတယ်ဆိုတာကို ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုက သက်သေပြထားတာပါ။
ဘာလဲသိချင်ရင် တော့ ကိုယ့်ဘာသာကိုယ်ရှာကျ။ ကျွန်တော်ကတော့ လမ်းစလေးပေးခဲ့ပါတယ်။
ကဲ .. အားလုံးပဲ Good Night ပါ ။ နေပါဦး။ ဒီလောက်ရေးပေးထားတာကိုတော့ Share သင့်တယ်ထင်တာပဲ။
808 Woody Creation – Ty Woody (Admin)
(Sources : Internet ) (Translation : My Girlfriend)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ