Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?


Vampire ဆိုတာမျိုးက အသက်ထာဝရရှည်တဲ့ လောကကြီးထဲက လူဝင်မဆန့် တဲ့ အသေကောင်တစ်မျိုး လို့ ဆိုလိုတာပါ။ ပြောရမယ်ဆို ဘောင်မ၀င်တန်းမ၀င်တွေလို့ ဆိုရမှာပေါ့လေ။ ဒီကောင်တွေက လူသားတွေကြားမှာတော့ တော်တော်နာမည်ကြီးခဲ့တဲ့ အကောင်တွေပေါ့ဗျာ။
အစာမစားကြပဲ သွေးတစ်မျိုးသာသောက်သုံးပြီး အသက်ရှည်တဲ့ သွေးစုပ်ဖုတ်ကောင်ပဲဆိုပါတော့။ ဒါပေ မယ့်မိုက်ပါတယ်။ သူတို့ က ရုပ်ရည်အိုမင်းရင့်ရော်သွားတာမျိုးမရှိဘူး။ အကိုက်ခံရတဲ့ အချိန်ကစပြီးတော့ ရုပ်ရှည်နဲ့  ခန္ဓာကိုယ်အပြောင်းလဲမရှိတော့ပါဘူး။
ဒီကောင်တွေက ဇာတ်လမ်းပေါင်းစုံကနေ ဆင်းသက်လာကြပါတယ်။ တကယ်တော့ အဲ့လိုပြောလို့ ရပေမယ့် ကျွန်တော်သဘောကျတဲ့ အယူအဆတစ်ခုကတော့ သူတို့ ချစ်တဲ့ တစ်စုံတစ်ယောက် သို့ မဟုတ်လည်း အကြောင်းအရာတစ်ခုကြောင့် သေဘေးရောက်တော့မယ်ဆိုရင် Satan လိုမျိုး မကောင်းဆိုးဝါး (နတ်ဆိုး နာမည်မသေချာ) တွေဆီမှာ အပေးအယူ သွားလုပ်တတ်ပါတယ်။ သူတို့ ရဲ့ Soul ကိုရောင်းစားပစ်လိုက်တာပါ။
အဲ့မှာ စပြီးတော့ ပြောင်းလဲတတ်ကြပါတယ်။ သူတို့ ကလည်း အားသာချက် တော်တော်များပါတယ်။ တခြားကောင်တွေတောင် အဲ့လောက်မရှိပါဘူး။ သွေးစုပ်ဖုတ်ကောင်အများစုက လျှင်မြန်ပါတယ်။ တော်တော်ကို မြန်တဲ့အမြန်နှုန်းနဲ့ကို သွားလာနိုင်ပါတယ်။ ပြီးတော့ လင်းနို့ တွေကို ထိန်းချူပ်လို့ ရပါတယ်။
ညပိုင်းမှာဆို အင်အားကြီးတဲ့ အကောင်တွေပဲဆိုပါတော့။ အနံ့ ခံအားပြင်းပါတယ်။ သွေးနံ့အပြင် အခြားသော အနံ့ တွေကိုပါ အာရုံခံစားနိုင်စွမ်းရှိပါတယ်။ အသက်ရှုစရာမလိုပါဘူး။ တစ်နေ့ ကို သွေးတစ်ခါရရင် ဗိုက်မဆာတော့ဘူးဆိုပါတော့လေ။ ဒါပေမယ့်…
ဒီကောင်တွေက မှန်မှာ အရိပ်မထင်ပါဘူး။ နေပူထဲထွက်လိုက်ရင် မာလကီးယားပြီးတော့ ကွိုင်တက်သွား ပါတယ်။ ဆိုလိုတာကတော့ အားနည်းချက်တွေလည်းရှိပါတယ်ဗျ။ သူတို့ နှလုံးက အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် သူတို့ နှလုံးမှာ အချွန်တစ်ခုနဲ့ ရိုက်ထည့်ထားလိုက်ရင်တော့ သူတို့ အိပ်ပျော်သွားပါတယ်။ အသေသတ်ချင်ရင်တော့ ငွေဓားနဲ့ ခေါင်းကိုဖြတ်ပြစ်ရပါတယ်။
ဒီကောင်တွေက ထူးခြားတာရှိပါတယ်။ အဲ့ဒါကတော့ ဖြစ်ပေါ်တဲ့ မော်ဒယ်နံပါတ်ကိုဆိုလိုတာပါ။ နားလည် အောင်ရှင်းပြပါဆိုရင်တော့ 19 ရာစုမှာပေါ်တဲ့ သွေးစုပ်ဖုတ်ကောင်ထက် 20 ရာစုမှာပေါ်တဲ့ သွေးစုပ်ဖုတ် ကောင်က ပိုစွမ်းပါတယ်။ ရယ်ချင်စရာပါပဲဗျ။ ဘာကိုဆိုလိုတာလဲဆိုတော့ အသစ်ပေါ်လာတဲ့ကောင်တွေက စွမ်းအင်တွေပိုများနေတတ်ပါတယ်။
အမေရိကန်တွေကတော့ Vampire ဆိုတဲ့စကားလုံးကို အဘိဓာန်ထဲမှာ 1734 ခုနှစ်မှာစတင်ထည့်သွင်း အသိမှတ်ပြုခဲ့ကြပါတယ်။ ဆိုလိုတာကတော့ ဘောင်ဝင်သွားတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် သွေးစုပ်ဖုတ် ကောင်ဆိုတာက မကောင်းဆိုးဝါးတစ်မျိုးပါပဲဗျ။
Vampire တွေဟာများသောအားဖြင့် ရန်ကုန် - မန္တလေးလောက်ကို တစ်ညတည်းနဲ့ ခရီးသွားနိုင်လောက်တဲ့အထိကို မြန်ဆန်လွန်းပါတယ်။ သက်တမ်းကြာလာတာနဲ့ အင်အားကြီးလာတာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော်ကြည့် ဖူးတဲ့ ရုပ်ရှင်တစ်ကားမှာဆိုရင်တော့ Vampire တစ်ကောင်မှာ အစွမ်းတစ်မျိုးရှိပါတယ် (သောက်ကျိုးနည်း ဟာသတစ်ခုပါပဲ)
ဆိုတော့ကာ ဒီကောင်တွေမှာ အကြီးမားဆုံးပြသနာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ .. အသက်အရွယ်မကြီးလာတဲ့အတွက် နေရာထိုင်ခင်းပြသနာအမြဲလိုလိုတက်ပါတယ်။ တော်တော်အခြေနေဆိုးပါတယ်။ သွေးစုတ်ဖုတ် ကောင်တွေက ကမ္ဘာပတ်သွားလာနေတဲ့ မကောင်းဆိုးဝါးတွေပါပဲ။
ဒီကောင်တွေက Healing Power တော်တော်ကြမ်းပါတယ်။ ဘယ်လောက်ထိကြမ်းလဲဆိုရင် သွေးသာ ပြန်သောက်မယ်ဆိုရင် အရိုးခြောက်ဘ၀ကနေတောင် ပြန်လာတယ်လို့ သိရပါတယ်။ ပြီးတော့ အုပ်စုလိုက်အနေအထားနဲ့ ဆိုရင် ခွေးထက်တောင် မိုက်ပါသေးတယ်။ ၀ိုင်းကိုက်တတ်ပါတယ်။
သူတို့ ရဲ့ အကြီးမားဆုံးအားနည်းချက်ကတော့ သူတို့ အကြိုက်ဆုံးသွေးပါပဲ။ အဲ့မအေဘေးလေးတွေ လိုက်သတ်နေရင် သွေးလှူဌာနထဲဝင်ပြေးပါ။ ပြီးရင် သွေးအိပ်တွေအကုန်ဖောက်ချပလိုက်ပါ။ ခင်များကို သူကိုက်ဖို့ နေနေ သာသာ သူ့ ဟာသူတောင် တိုင်လည်နေတတ်ပါတယ်။ အဲ့ကျမှ ခေါင်းဖြုတ်ပြီး ကျော်သူနဲ့ ထည့်ပေးလိုက်ပါ။
ပီးတော့ နေရောင်ပါ။ ဟိုသွေးစုပ်ဖုတ်ကောင် အချစ်ဇာတ်လမ်းထဲမှာဆိုရင်တော့ အ၀တ်တွေဖုံးအုပ်ပြီးတော့ နေပူထဲလမ်းလျှောက်သတဲ့ .. (ဘယ်လိုတောင် သောက်တလွဲ) လုံးဝမရပါဘူး။ နေပူဒဏ်ကိုမခံနိုင်ပါဘူး။ နောက် တစ်ခုက Vampire ဆိုတာက မျိုးမစစ်ပါ။ Dracula နဲ့ မတူပါဘူး။ ကျွန်တော်ကတော့ Dracula ကိုပိုကြိုက်ပါ တယ်။ တစ်ဆင့်ချင်းလက်ဆင့်ကမ်းပြီး နေထိုင်ကြတဲ့ ကောင်တွေပါ။
Vampireတွေ ဘယ်အချိန်တွေမှာ သေတာအများဆုံးလဲဆိုတော့ အချစ်နဲ့ တွေ့ တဲ့အခါမှာ သေဆုံးလေ့ရှိပါတယ်။
ကျွန်တော် Vampire ဖြစ်နည်းလေးတစ်ခုတွေ့ ထားလို့ ပြောပြမလို့ ပဲ။ ပရိတ်သတ်တွေ ၀ိုင်းဆဲမှာစိုးလို့ မတင်ပေးတော့ဘူးလေနော့်။ အားနာစရာကြီး ဖြစ်သွားမှာဆိုးလို့ ပါ။ Page အတွက် Activeသိပ်မဖြစ်တာတောင်းပန် ပါတယ်။ ကျွန်တော် List ထုတ်ပြီး ဘာသာပြန်နေပါတယ်။ Comment တွေထဲက ရေးခိုင်းထားတာလေးတွေ လည်းလုပ်နေပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။
808 Woody Creation @ Ty Woody
(Credit : Wiki - Memory Bank - Dairy Of Monsters)

Comments

  1. Vampire ဖြစ်နည်းလေးပြောပြသွားအုံးလေ အစ်ကို

    ReplyDelete

Post a Comment

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ