ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ


ဂျပန်နိုင်ငံမှာ Yakuza ဂိုဏ်းရှိတယ်ဆိုတာတော့ အားလုံးကြားဖူးမယ်လို့ ထင်ပါတယ်။ ဒီကနေ့ မှာတော့ လက်လှမ်းမှီသလောက် ကျွန်တော် အကျယ်တ၀င့်လေးပြန်ရှင်းပြပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်ဗျ။
အိုကေ .. ကျွန်တော်တို့ ဆက်သွားရအောင်…
ပထမဆုံးပြောချင်တာကတော့ ဂျပန်နိုင်ငံရဲ့ မီဒီယာနဲ့ အချို့ သော ဖြစ်နိုင်ခြေအရှိဆုံး စစ်တမ်းကောက်ယူမှု တွေကြောင့် Yakuza ဂိုဏ်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးရှိ(အကောင်) ပုဂ္ဂိုလ်ပေါင်း 102000 (တစ်သိန်းနဲ့ နှစ်ထောင်) ခန့် ရှိတယ်လို့ သိရပါတယ်။
သာမာန် ရာထူးမဲ့ လူမိုက်သက်သက် လူဦးရေပါ ထပ်တိုးပေါင်းစပ်ရမယ်ဆိုရင်တော့ တော်တော် များပြားတဲ့ ပမာဏတော့ရှိမယ်လို့ ထင်ပါတယ်။
Yakuza တွေက ဟိုးအရင်ကတည်းက လောင်းကစားဝိုင်းတွေနဲ့ အခြားသော တရားမ၀င်သော အရာတွေကို အုပ်စိုးပြီးတော့ ချူပ်ကိုင်ပါတယ်။ သူတို့ ကတော့ မကောင်းတာတွေအပေါ် ခေါင်းပုံဖြတ်တယ်။ ပြီးရင်တော့ အဲ့လူတွေရဲ့ စီးပွားရေးကိုထိခိုက်စေမဲ့ အရာတွေကိုဖယ်ရှားပေးပါတယ်။
ဂျပန်ရိုးရာ ကတ်ကစားနည်းတစ်ခုဖြစ်တဲ့ Oicho-Kabu ကနေပြီးတော့ Yakuza ဆိုတဲ့နာမည်ကို သူတို့ က ယူသုံးတာလည်းဖြစ်ပါတယ်။ ဒီ Game ကစားနည်းက သုံးကဒ်ပေါင်းဆွဲ နောက်ဆုံး 9 ရောက်တဲ့သူက အနိုင်ဆိုတာမျိုးကို မှတ်မိကျမှာပါ။ အဲ့ဒါနဲ့ နည်းနည်းတူပါတယ်။
အဲ့မှာပါဝင်တဲ့ ကဒ်နံပါတ်တွေဖြစ်တဲ့ 8-9-3 (Ya-Ku-Za) ဆိုတာကို သူတို့ ကကိုယ်စားပြုလိုက်တာပါ။ အဲ့အဓိပ္ပါယ်ကတော့ အဲ့ Card Game ကိုဆော့တိုင်း မဖြစ်နိုင်လောက်ကို ရနိုင်ခြေနည်းပါးတာကို ဆိုလိုတာပါ။
ပြောချင်တာကတော့ “Unique ဖြစ်တယ်။ အတုမရှိနိုင်ဘူးဆိုတာနဲ့ ဘယ်သူမှ အနိုင်မပိုင်းနိုင်ဘူး”ဆိုတာပါပဲ အဲ့ဒီအကြောင်းအရာကတော့ သူတို့ ဘယ်လိုလူတွေဆိုတာကို ပုံဖော်ပြထားတာဖြစ်ပါတယ်။
အိုကေ .. ဆက်သွားရအောင် …
Yakuza တွေက စတင်ခဲ့တဲ့အချိန်တွေတုန်းကတော့ အဖွဲ့ အစည်းတစ်စုတည်းရှိခဲ့တာဖြစ်ပြီးတော့ နောက် ပိုင်း 1603 ခုနှစ်နဲ့ 1868 ခုနှစ်ကြားမှာတော့ အဖွဲ့ နှစ်ဖွဲ့ ကွဲသွားပါတယ်။
အဖွဲ့ နှစ်ဖွဲ့ ကွဲသွားတဲ့နောက်ပိုင်းမှာ ခေါင်းဆောင်နှစ်ယောက်ပေါ်ထွက်လာပါတယ်။ အဲ့နှစ်ယောက်ကတော့ Tekiya နဲ့ Bakuto တို့ ပဲဖြစ်ပါတယ်။
Tekiya ကတော့ အဖွဲ့ ကွဲသွားပြီးနောက်ပိုင်းမှာတော့ မူးယစ်ဆေး ရောင်းဝယ်မှုတွေနဲ့ ပစ္စည်းအတု၊ မှောင်ခိုပစ္စည်းတွေကို တင်သွင်းမှုများကို ဦးဆောင်ခဲ့ပါတယ်။
Bakuto ကတော့ ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ လောင်းကစားရုံတွေကို ဦးစီးဦးဆောင်နဲ့ အုပ်ချူပ်နိုင်ခဲ့ပါတယ်။ တော်တော် အကြောတွေရေလည်အောင် တင်းတဲ့နှစ်ကောင်ပါပဲ။
Tekiya ကတော့ စီမံခန့် ခွဲရေးအားကောင်းပြီးတော့ သူတာဝန်ယူထားတဲ့အပိုင်းမှန်သမျှကို ဦးစီးဦးဆောင် စွမ်းပြင်းထန်တယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ သူမှောင်ခိုလုပ်သမျှအောင်မြင်နေတာပါပဲ။
Shinto Festival စတင်ကျင်းပခဲ့စဉ်အခါက သူတို့ အနေနဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို အဲ့ပွဲအထဲမှာပဲ လှုပ်ရှားခဲ့တဲ့ မှတ်တမ်းများရှိခဲ့ပြီးတော့ အဲ့ပွဲထဲမှာလည်း လုံခြုံရေးအနေနဲ့ လူမိုက်အဌားကိစ္စများကိုလည်း Tekiya က စီစဉ်ပေးခဲ့ပါတယ်။
(ကျွန်တော် စဉ်းစားနေတာကတော့ Tekiya နဲ့ လမ်းမတော် ဖိုးတုတ် One By One ထိုးရင် ဘယ်သူနိုင်မလဲဆိုတာပါပဲ)
လမ်းမတော်ဖိုးတုတ်ပါ ဖင်ပြောင်နိုင်တဲ့အချက်ကတော့ Tekiya ကို သက်ဆိုင်တဲ့ သူတို့ မြို့ က အစိုးရ တောင် ထိန်းသိမ်းလို့ မရတော့တဲ့အတွက် သူတို့ ဂိုဏ်းကို တရားဝင်အသိအမှတ်ပြုပေးလိုက်ရပြီးတော့ ဂျပန်တွေရဲ့ ရိုးရာဓား Katana နဲ့ Wakizashi ဓားအတိုတို့ ကို တရားဝင် ကိုင်ဆောင်ခွင့်ပြုလိုက်ပါတယ်။
အဲ့မှာအစားဆုံးအချက်ကတော့ အဲ့လိုဓားတွေကို ကိုင်ဆောင်ခွင့်ရှိတဲ့သူဆိုတာ ဂျပန်မှာ Samurai လို ရာထူးကြီးမားပြီးတော့ ကြီးကျယ်မြင့်မြတ်သူများသာဖြစ်ပြီးတော့ … သူတို့ လို လူမိုက်ဂိုဏ်းက အခုလိုကိုင် ဆောင်ခွင့်ရခဲ့တဲ့အတွက် ဘယ်လောက်ထိ စောက်ကြောတင်းသလဲဆိုတာ စဉ်းစားကြည့်ပါ။
(ဖိုးတုတ်ရူံးမယ်ဆိုတာ သေချာသွားပါပြီ)
Bakuto ကတော့ ခုနကတစ်ယောက်ထပ် အဆပေါင်းများစွာဆိုးပါတယ်။ လောင်းကစားသမားတွေကိုဦး ဆောင်တဲ့သူပီပီ ဘုရားကျောင်းအပျက်နဲ့ အခြားသော စွန့် ပြစ်နေရာများကို အပိုင်သိမ်းပြီးတော့ သောက်ကျိုးနည်း လောင်းကစားရုံတွေ ဖွင့်ပလိုက်ပါတယ်။
(အမှန်တိုင်းပြောရရင် ဂျပန်တစ်နိုင်ငံလုံးမှာ ဖွင့်တာပါ။ ရွာစွန် နဲ့ မြို့ စွန်တွေမှာများသောအားဖြင့် ဖွင့်လှစ်ပါ တယ်)
အဲ့တော့ သူက ခပ်ဆိုးဆိုးအကောင်ဖြစ်သည့်အတွက် သူ့ ကိုတော့ လူတွေက ရွံကြောက်အနေနဲ့ ကြောက်ရ ပါတယ်။ ပြီးတော့ လောင်းကစားရုံရဲ့ လုံခြုံရေးကိုတော့ သူတို့ ဘာသာ ထိန်းချူပ်ကွပ်ကဲမှုများပြုလုပ်ပါ တယ်။
အချိန်တွေကြာလာတဲ့အမျှ သူတို့ နှစ်ယောက်က အင်အားကြီးလာပါတယ်။ ဘယ်လောက်ထိလဲဆိုရင်တော့ သူတို့ အားလုံးအဲ့လိုအင်အားကြီးလာတဲ့အတွက် ပြည်သူတွေကပါ ကြောက်ရွံလာကျပါတယ်။
အဲ့နောက်မှာ တော့ နည်းနည်းလေး လူမိုက်လုပ်ချင်တဲ့ချာတိတ်တွေအပါအ၀င် မှောင်ခိုဈေးကွက်နဲ့ ပစ္စည်းအတုလုပ်တဲ့သူ အဆုံး၊ မကောင်းတဲ့သူမှန်သမျှက Yakuza ဂိုဏ်းကိုပူးပေါင်းပါဝင်လာကျပါတယ်။
သူတို့ နှစ်ယောက်က ဂျပန်သမိုင်းမှာဘယ်လောက်ထိသောင်းကျန်းခဲ့သလဲဆိုရင်တော့ ယနေ့ ခေတ်အထိ တိုင်အောင် ဂျပန်မှာ Tekiya နဲ့ Bakuto လိုမျိုးမဖြစ်အောင် နေဖို့ အတွက် Yakuza ဂိုဏ်းဆန့် ကျင်ရေးပွဲ တွေ ယနေ့ အထိ ကျင်းပပြုလုပ်နေဆဲလို့ သိရပါတယ်။
Yakuaza တွေက ကြီးစဉ်ငယ်လိုက်စနစ်နဲ့ သာအုပ်ချူပ်ပြီးတော့ လေးစားမှုနဲ့ သစ္စာရှိမှုကတော့ သူတို့  အတွက် အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ဒါ့အပြင်ထူးခြားမှုတစ်ခုကတော့ လူစုဆောင်းမှုပဲဖြစ်ပါတယ်။
သူတို့ အပေါ်သတ်မှတ်ထားတဲ့ အကြွေး (သို့ ) ဆပ်ကြေးတွေမပေးနိုင်တဲ့အခါ အဲ့အိမ်မှာရှိတဲ့ကလေး (သို့ ) လူငယ်များကို သူတို့ ဂိုဏ်းမှာ သစ္စာခံခိုင်းပြီးတော့ အလုပ်လုပ်ဖို့ အတွက် တွန်းအားပေးထားပါတယ်။
လက်အောက်ငယ်သား (သို့ ) အခြားသော အဆင့်တန်းရှိ အဖွဲ့ ဝင်တွေအနေနဲ့ သူတို့ အမှားလုပ်မိတဲ့ အခါတိုင်းမှာ လက်တစ်ဆစ် (အမျိုးသမီးသန့် စင်ဆေးရေမဟုတ်ပါ) အဖြတ်ခံရပြီးတော့ အဲ့လိုအဖြတ်ခံရတဲ့ အပေါ်မှာလည်း ကောင်းကျိုးရှိတယ်လို့ ပြောလို့ ရပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ … ပြတ်သွားတဲ့လက်သန်းအတိုလေးက သူတို့ ကိုင်တဲ့ ဓားအပေါ် ခွန်အားနဲ့ ကိုင် တွယ်နိုင်မှု ဟန်ချက်ကို ထိန်းညှိပေးတယ်လို့ သိရပါတယ်။
အဖွဲ့ ဝင်ဖို့ အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို Tattoo ထိုးရပါတယ်။ ဆိုလိုတာကတော့ တစ်နေရာမှ မကျန် အောင်ထိုးရတာပါ။ အမှန်တိုင်းပြောရရင်တော့ လိင်အင်္ဂါတွေကိုပါ Tattoo ထိုးပြစ်ရတာပါ။ တော်တော်ဆိုး ပါတယ်။ ဒါပေမယ့် တစ်ချို့ ကတော့ အချိန်တစ်နှစ်လောက်အထိ ယူခွင့်ပေးတယ်လို့ သိရပါတယ်။
(ထိုးတဲ့အခါမှာလည်း စက်နဲ့ ထိုးတာမဟုတ်ပါဘူး။ ဆေးမင်ကြောင်ကိုစုတ်နဲ့ သာ ထိုးခွင့်ပြုတယ်လို့ သိရပါ တယ်)
အခုချိန်ထိ ဂျပန်အစိုးရကတော့ တရားဝင်ခွင့်ပြုထားခြင်းမရှိပေမယ့် အစိုးရကိုယ်တိုင်ကလည်း ပြစ်ပယ်ထား လို့ မရတဲ့အထိအရေးပါပါတယ်။
ဥပမာပြောရမယ်ဆိုရင်တော့ ငလျင်လှုပ်သွားတဲ့အချိန်မှာ အစိုးရအနေနဲ့  ပြည်သူကို ထောက်ပံမှုမပေးနိုင်တဲ့အချိန်မှာ သူတို့ ဆီကနေပြီးတော့ အကူညီတွေတောင်းဆိုရတဲ့အထိ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ထို့ အတွက်ကြောင့် သူတို့ က လက်ရှိအချိန်တွေအထိ ဂျပန်မှာအရေးပါသေးတဲ့ အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ပါတယ်။
808 Woody Creation – Ty Woody (Admin)
(Translator By : Hnin Honey) (Source By : Internet Source)

Comments

Popular posts from this blog

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ