Slander Man (သို့ ) အထာကျတဲ့ သရဲ


ဒီသရဲကတော့ ကျွန်တော်အကြောက်ဆုံးစာရင်းမှာ ဒုတိယတစ်ခုချိတ်ပါတယ်။ ဒီသရဲကိုဘာလို့ ကြောက်လဲ? အိုကေ Slender Man Game ခွေကို ၀ယ်ဆော့ကြည့်ပါ။ သူ့ မြင်တာနဲ့ ခင်များလန့် နေပါလိမ့်မယ်။
Sleader Man ဆိုတာဘာလဲ? ဒီဇာတ်ကောင်အကြောင်းကို Wiki မှာဖတ်ကြည့်ပါတယ်။ တော်တော်ပျင်းစရာကောင်းပါတယ်။ ဒီတစ်ခေါက် Wiki ကအသုံးမ၀င်ပါဘူး။
ဆိုတော့ကာ အခြားသော စာရေးသူတွေပြုစုထားတာတွေကိုပဲ ပြန်လည်ဖော်ပြချင်ပါတယ်။ အဆင်ပြေမယ်လို့ လည်းတွေးထားပါတယ်နော်။ ဆက်လက်ဖတ်ရှုပေးကြပါဦးလို့ ။
မနေ့ ညက ဆာဒါကိုလောက်တော့ ဒီဘဲကြီးကဇာတ်အိမ်ခိုင်ခိုင်မရှိပါဘူး။ စာရေးဆရာတွေ အွန်လိုင်းမှာ ချီးပေါက်ပြီးရေးလိုက်ရာကနေ တကယ်ဖြစ်လာတဲ့အကောင်ပါ။ အပြင်မှာတကယ်ရှိပါတယ်။ တကယ်ထွင်ခဲ့တာက စာရေးဆရာနှစ်ယောက်ပါ။
သူကဘယ်လိုကောင်မျိုးလဲဗျ? အထာကျတဲ့ သရဲဆိုတဲ့အတိုင်း အနောက်တိုင်းဝတ်စုံကို သန့် သန့် လေးဝတ်ဆင်ထားတဲ့သူတစ်ယောက်ပါ။
(ဆော်ကြည်သရဲဆိုတာ ဒါမျိုးပဲနေမှာဗျ။ ကိုယ်ကအဲ့လိုတွေ သိပ်ကြိုက်)
သူက အရပ်တော်တော်ရှည်တယ်ဗျာ။ ကုလားမခြေထောက်ဝတ်ထားတဲ့ လူတစ်ယောက်အရပ်နီးပါးရှိပါတယ်ဗျ။ ပြီးတော့မျက်နာမှာ ပတ်တီးတွေ အပြည့်စည်းထားပါတယ်။
သူကဘာတွေလုပ်တတ်သလဲ? အသက် 8 နှစ်ကနေပြီးတော့ အသက် 15 နှစ်လောက်အမျိုးသမီးငယ်ပေါက်စလေးတွေကို တောထဲခေါ်သွားတတ်ပါတယ်။ တခြားဘာညာလုပ်တာမဟုတ်ပါဘူး။ အစဖျောက်ပလိုက်တာပါ။
အင်တာနက်အယူတွေအရတော့ ဘဲကြီးက မကောင်းဆိုးဝါးတွေနဲ့ ချိတ်ဆက်ပေးတယ်လို့ ပြောပါတယ်။ ဆိုလိုတာက အဲ့ကလေးတွေကို ငရဲသို့ မဟုတ် အမှောင်လောကကိုသွတ်သွင်းလိုက်တာပဲဆိုပါတော့။
အိုကေ? အာ့ဆို Ty Woody ခင်များက ဘာလို့ အဲ့အကြောင်းသိရတာလဲ? ဒါကဒီလိုရှိပါတယ် (ဆားပုလင်းနှင်းမောင် လေသံဖြင့်) အချို့ သော Slander Man ၀င်ရောက်နှောက်ယှက်တာတွေက တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ လူ့ လောကမှာဖြစ်ပျက်တာပါ။
အင်တာနက်စာရေးဆရာတွေရဲ့ ပထမဆုံးထုတ်ပြခဲ့တဲ့ အမှုကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တစ်ခုမှာ ကောင်မလေးနှစ်ယောက်က တောထဲကို သူတို့ သူငယ်ချင်းအနည်းငယ်ကို ခေါ်...ခေါ်သွားတတ်ပါတယ်။
ပြီးရင် အစဖျောက်....ဖျောက်ပစ်လိုက်ပါတယ်။ ကလေးအချင်းချင်း ဂျင်းထည့်ပြီး ခေါ်...ခေါ်သွားတာပါဗျ။ နောက်ဆုံးမှာ ရဲတွေလိုက်ဖမ်းလိုက်တော့ သူတို့ နှစ်ယောက်ကိုမိသွားပါတယ်။
စစ်ဆေးမေးမြန်းမှုတွေပြုလုပ်တဲ့အချိန်မှာ Slander Man ခိုင်းတယ်လို့သာ နှစ်ယောက်စလုံးဖြေပါတယ်။ ပျောက်သွားတဲ့ကလေးတွေကတော့ Slander Man ခေါ်သွားတယ်လို့ သိရပါတယ်။
သူတို့ ခေါ်တဲ့အထဲက နောက်ဆုံးတစ်ယောက်ကို ဒဏ်ရာ ဗလဗွနဲ့ ပြန်တွေ့ ပါတယ်ဗျ။ သူ့ ဆီကနေမေးလို့ ရတာကတော့ ရက်ရက်စက်စက်နှိပ်စက်တယ်လို့ ပဲသိရပါတယ်။
ခေါ်ဆောင်ခဲ့တဲ့ ကလေးနှစ်ကောင်ကတော့ ထောင်ဒဏ်နှစ် 50 တိတိကျသွားပါတယ်။ လူလတ်ပိုင်းအရွယ်မဟုတ်ပဲ အဘွားအိုကြီးနှစ်ယောက်အဖြစ်နဲ့ လူ့ လောကထဲကို ပြန်ရောက်လာဦးမှာပါ။ လောလောဆယ်တော့ ထောင်ထမင်း ထောင်ဟင်းစားနေရတာပေါ့လေ။
အိုဟိုင်းအိုးပြည်နယ်မှာတော့ 13 နှစ်ကောင်မလေးက သူ့ အမေကို သူ ဓားနဲ့ ပြန်ထိုးပါတယ်။ ကလေးက အရင်က အရမ်းလိမ္မာပါတယ်တဲ့။ ဘာလို့ လဲဆိုတော့ Slander Man ကသူ့ ကို အခုလိုပြုမူလို့ ပါတဲ့။
ဆိုတော့ကာ လူတွေပြောတဲ့ ပုံပြင်ကနေ တကယ်ရှိလာတဲ့ဒီအကောင်က တကယ်တော့ အရင်ကတည်းက ရှိနေတာပါ။ ဓာတ်ပုံတွေမှာ Photoshop Edit မပါပဲနဲ့ ပါလာတတ်ပါတယ်။
ဒီဘဲကြီးဇာတ်လမ်းကို Screen Gems ကနေ ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ပါတယ်။ နာမည်ပိုကြီးလာတာပေါ့။ ဆိုတော့ကာ သူလည်း Cele ပါပဲ။ ပြီးတော့ နောက်တစ်ခုက အမေရိကန် Horror Story Season 6 မှာလည်း သူ့ အကြောင်းပါလာတယ်လို့ ပြောပါတယ်။ ၀ယ်ကြည့်ကြပါ။
Video Files တွေမှာလည်း အဲ့ဘဲကြီးကို ရုတ်တရက်တွေ့ တာတွေအများကြီးရှိပါတယ်။ အပြင်မှာတကယ်ရှိပါတယ်။ အဲ့ဒီ့တော့ သင့်သူငယ်ချင်းကောင်မလေးက ခရီးသွားရင်လိုက်ခဲ့ပါလားခေါ်ရင် Slander Man အကြောင်းပြေးသတိရပါ။ 😉
နို့မို့ဆို သင် ခရီးလမ်းမှာ ပိုးစိုးပက်စက်နှိပ်စက်ခံရပြီး အမှောင်လောကထဲကို ပို့ ဆောင်ခံရလိမ့်မယ်နော်။ အခုခေတ်က သွေးသားအရင်းတောင် မယုံရသည့်ခေတ်မို့ သတိပြုတာအမှားမကင်းပါလေ။
ကျွန်တော့် Page Likes 12,000 ရတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီ Slander Man Game ကိုဆော့လို့ ရအောင် Media Fire Link လုပ်ပေးလိုက်ပါတယ်။ အားလုံးပဲ Download ဆွဲပြီးဆော့ကစားကြပေါ့။
နားကြပ်နဲ့ ဆော့ပြီး ဆုံးခန်းတိုင်ရင် ကျွန်တော် ဆရာခေါ်မယ်။ ကျွန်တော် လ္ဘက်ရည်ဆိုင်ထဲဆော့ရင်း ဖုန်းကြီးလွှတ်ပြစ်မိလို့ အပေါင်းအသင်းကြားထဲတော့ အရှက်ကွဲခဲ့ဖူးပါတယ်။ အမှတ်တရပါပဲ။
Slander Man Game Download Link Here (Media Fire) 23 MB For Android
ဒီ Post မှ မ Share ရင် မခေါ်တော့ဘူး ပရိတ်သတ်တွေကို ... 😡
808 Woody Creation @ Ty Woody
(Source By : Internet / Monster Dairy / Memory Bank)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ