Sadako ဆိုတဲ့ ဂျပန်သရဲမဆိုသည်မှာ


အားလုံးသိတဲ့အတိုင်း The Ring ရုပ်သံဇာတ်ကားမှာ တော်တော်နာမည်ကြီးလာတဲ့ နာမည်ကြီး Cele သရဲမဖြစ်ပါတယ်။ ကျွန်တော့် အကြောက်ဆုံးသရဲမပါ။ ဆိုလိုတာကတော့ ဆံပင်ရှေ့ ချပြီး ခေါင်းကြီးငိုက်နေတတ်တဲ့ သရဲမတိုင်းကို ကျွန်တော်ကြောက်ပါတယ်။
ဂျပန်လိုဘာသာပြန်ကြည့်မယ်ဆိုရင်ပေါ့လေ Sada ဆိုတာက သန့်ရှင်းစင်ကြယ်တယ်လို့ ပြောပါတယ်။ Ko ဆိုတာကတော့ ကလေးငယ်ကိုပြောတာပါ။ သန့် ရှင်းစင်ကြယ်တဲ့ကလေးငယ်ပေါ့လေ။ ဘာလား နာမည်ပေးတဲ့လူက ရူးနေလားမသိဘူး။ ဒီလောက် လစ်ထွက်ပြီး ကြောက်ဖို့ ကောင်းနေတာကို။ သူ့ ညီမ တစ်ဝမ်းကွဲဖြစ်ရမယ်။
(အသဲအသန် ငြင်းလိုလျှင် ဂျပန်ထိသွားရောက်ပြီး အဲ့မှာ သွားငြင်းပေးကြပါနော်)
ဂျပန်သရဲမတစ်ကောင်ဖြစ်သလို နိုင်ငံတိုင်းမှာ ဇာတ်လမ်းပေါင်းစုံဖြစ်နေတတ်ပါတယ်။ ကျွန်တော်ကတော့ ဖြစ်နိုင်ချေအရှိဆုံးတစ်ခုကို ဆွဲပြီး ဇာတ်လမ်းဆင် ရေးသားပေးလိုက်ပါတယ်ဗျ။
Sadako က လက်စားချေချင်စိတ်ပြည့်နေတဲ့ သရဲမတစ်ကောင်ပါဗျ။ သူ့ နာမည်အရင်းကတော့ Yamamura Sadako လို့ ခေါ်ပါတယ်။
သာက်ရူးဂျပန်ကောင်တစ်ချို့ ရဲ့ ရေတွင်းထဲကို ပစ်ချခံလိုက်ရတဲ့ မိန်းမလှလေးရဲ့ ဇာတ်လမ်းပေါ့လေ။ ဒီသရဲမက လူ့ ဘ၀တုန်းကတော်တော်ချောတယ်လို့ သိရပါတယ်။
တစ်ချို့ ရေးထားတာဆိုရင် သွားလေရာနေရာမှာတောင် သူ့ အမွှေးနံ့ သာကျန်ခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တောင် ကြွေသွားတယ်။
သူမက သရဲတွေထဲမှာ တော်တော်ကြမ်းပါတယ်။ အင်တာနက်ပေါ်မှာ ဟိုဒီ ခုန်ကူးလို့ ရတဲ့ nensha ဆိုတဲ့ အစွမ်းတစ်မျိုးကို အသုံးပြုနိုင်ပါတယ်။ အဲ့ဒါကတော့ သူ သေခဲ့တဲ့ ဗီဒီယိုတိတ်ခွေကိုတောင် ဖန်ဆင်းနိုင်စွမ်းရှိပါတယ်။
အဲ့အခွေကိုကြည့်မိသူတိုင်းကတော့ အသေဆိုးနဲ့ သေတတ်ပါတယ်။ ဆိုလိုတာကတော့ အဲ့အခွေကို Copy ကူးပြီးကြည့်တဲ့သူတောင် အသေဆိုးနဲ့ သေတတ်ပါတယ်။
Sadako က Cele သရဲမပါ။ သူ့ အကြောင်းရုပ်ရှင်ရိုက်ထားတာ ဂျပန်မှာ ဆယ်ကားအထက်ရှိပါတယ်။ သူသာသိရင် ဘယ်လောက်တောင် ကြေကွဲနေမလဲမပြောတတ်။
Sadako အကြောင်းကို အရင်တုန်းကဆိုရင်တော့ Tape ခွေနဲ့ ကြည့်တဲ့အတွက် TV ထဲကနေထွက်ချလာပါတယ်။ Slow Motion နဲ ကို လေးဘက်ထောက်ပြီးတော့ကို ထွက်လာတာပါ။
နောက်ပိုင်း အင်တာနက်ခေတ်ကိုရောက်လာတော့ သူ့ အကြောင်းကို အခုလိုဖတ်လိုက်တာနဲ့ ဘေးနား (သို့မဟုတ်) ကုတင်ခြေရင်းကိုရောက်လာတတ်ပါတယ်။ ကျွန်တော်ပြောလိုက်လို့ ကြက်သီး ဖြန်းခနဲ ထသွားရင် အခန်းထောင့် တစ်နေရာကိုကြည့်လိုက်ပါ။ အမျိုးသမီးတစ်ယောက်ကို တွေ့ ကောင်းတွေ့ ပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့ သူ့ အကြောင်းကို ခင်များအခုဖတ်နေလို့ ပါ။
သချာတာက အဲ့မိန်းမက Sadako ပါပဲ။ Sadakoရဲ့ အမေကပဲ သူမကို အစွမ်းတစ်ခုသင်ပေးခဲ့တာပါ။ ပြီးတော့ သူ့ အမေကိုယ်တိုင်က မပျော်မွေ့ တော့လို့ တောင်ပေါ်ကနေခုန်ချပြီးသတ်သေသွားပါတယ်။
ဆိုတော့ကာ သူမကို ရပ်ကွက် သို့ ကျေးရွာက စုန်းမ (ဒီတစ်ခါ စာလုံးပေါင်းမှန်အောင်ရေးလိုက်ပါတယ် အရပ်ကတို့ ရေ) ဆိုပြီးတော့ ၀ိုင်းသတ်တာပါ။ ခုနကလို ရေတွင်းထဲကို တွန်းချပြီးတော့ကိုသတ်ပြစ်တာပါ။
တကယ်တော့ မဟုတ်ပါဘူး။ Sadako က စုန်းမတစ်ယောက်မဟုတ်ပါဘူး။ သူ့ ဘာသာသူနေပြီးတော့ အေးချမ်းစွာနေတဲ့သူပါ။ မနာလိုအူတိုကြတာပေါ့လေ။
အပင်မြင့်တော့ လေတိုက်ခံရတာမဟုတ်ပဲ Sadako ဘ၀ကို နာဂစ်နဲ့ ဆိုက်ကလုန်းပေါင်းဝင်သွားပါတယ်။ မာလကီးယားသွားတာပေါ့လေ။ အဲ့နောက်မှာတော့ မကျေနပ်ချက်တွေပြည့်နေတဲ့ သူမက လိုက်လံ ကလဲ့စားချေတာပါ။
Sadako အခွေကြည့်ဖူးတဲ့သူက 7 ရက်အတွင်း အသေဆိုးနဲ့ သေပါတယ်။ မသေလို့ ဆိုပြီး ပျော်မနေပါနဲ့။ ၇ရက်ကျော်တဲ့အခါ နှလုံးရောဂါ (သို့) ကားတိုက်၊ ရထားကြိတ်၊ ချောက်ထဲပြုတ်ကျ၊ ဆိုင်ကယ်မှောက် ပေါင်းစုံသေပါတယ်။ (သေတယ်ဆိုတာကို အာမခံတာ နည်းနည်းများသွားတာပါ) 😁
သူမကလည်း အချိန်တွေကြာလာတဲ့အခါ အားနည်းပြီး ဆုတ်ယုတ်လာတတ်ပါတယ်။ လူစားလဲရတာလည်း ရှိပါတယ်။ အဲ့အချိန်မှာ သူမကို တိုက်ခိုက်ဖို့ အတွက် အကောင်းဆုံးအခွင့်အလမ်းပါပဲ။ သူမ သေပါတယ်။ ခဏခဏပါပဲ။
သူမကို ပြန်လည်အသက်သွင်းဖို့ ဒီနေ့ အထိကြိုးစားနေတဲ့ လူတစ်စုရှိပါတယ်။ ဂျပန်က စာရေးဆရာတွေပါပဲ။ အိမ်သာသွားရင်သတိထားပါ။ အပေါ်ကို မော့မကြည့်ပါနဲ့ လို့။ ပြီးတော့ ညအမှောင်ထုကို သွားမကြည့်ပါနဲ့ နော်။
By: 808 Woody Creation @ Ty Woody
(Please Like And Share When You Read This, Thanks)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ