Mr. Grey ဆယ်ခါပြန်သေစေနိုင်တဲ့ နှိပ်စက်နည်း အမျိုး (20)


မနေ့ က မီးပျက်နေတဲ့ ကျွန်တော်တို့ မြို့ ကြောင့်တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မီးလာတဲ့ စာဖတ်ပရိတ်သတ်တွေအတွက်တော့ တောင်းပန်ပါတယ်ဗျ။ 😥
အခုတစ်ခေါက်မှာဆိုရင်တော့ အရင်ခေတ်တွေတုန်းက နှိပ်စက်ခဲ့တဲ့ နည်းလမ်း အခု 20 ကိုရွေးထုတ်ပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။ 🙄
လူတွေက အရင်တုန်းက တော်တော်ကြောက်ဖို့ ကောင်းပါတယ်။ လူလူချင်းကို နှိပ်စက်တာက အရှင်လတ်လတ် ငရဲကျသလိုပါပဲ။ 😓



 “The Chair of Torture”

ဒီထိုင်ခုံက နည်းနည်းလေးတော့ စားပါတယ်။ အကျဉ်းသားတွေကို နှိပ်စက်ဖို့ အတွက် 1800 ခုနှစ်လောက် မှာ အသုံးပြုခဲ့ကျတာလည်းဖြစ်ပါတယ်။

ခုံတစ်ခုလုံးမှာတော့ Punk တွေ အင်္ကျီမှာအသုံးပြုတဲ့ ဆူးလိုအရာတွေအပြည့်တပ်ဆင်ထားပြီးတော့ အကျဉ်းသားကို အဲ့အပေါ်မှာထိုင်ခိုင်းတာပါ။ ဒါ့အပြင် ထိုင်ခုံဘေးမှာလည်း လက်ကိုတုတ်နှောင်တဲ့အရာ တွေ အရာပါဝင်ပါသေးတယ်။

အထူးခြားဆုံးကတော့ တစ်ခါတစ်လေ အဲ့ထိုင်ခုံအောက်ကနေ မီးရှိန်ပြင်းပြင်းနဲ့ အပူတိုက်သေးတယ်ဆိုပဲ … ဒိုးခတွေအဲ့မှာ စရောက်တာပါပဲ။


“The Ducking Stool”

ဒီတစ်ခုကလည်း ထိုင်ခုံပါပဲ … ပုံမှာ မြင်တွေ့ တဲ့အတိုင်းပဲ အမျိုးသမီးတွေကို နှိပ်စက်တဲ့ထိုင်ခုံတစ်ခုလည်း ဖြစ်ပါတယ်။ 

ဆိုလိုတာကတော့ သာမာန်အမျိုးသမီးတွေကို နှိပ်စက်တာမျိုးမဟုတ်ပဲ .. အာကြမ်းလျှာကြမ်း ရှိတဲ့သူတွေကို အပြစ်ပေးတာပါ။

လူ့ ဘောင်အဖွဲ့ အစည်းနဲ့ မကိုက်ညီပဲနဲ့ ချီးလိုက်ပေါက်နေတဲ့ အမျိုးသမီးတွေကို အဲ့လို ရေနှစ်ပြီးတော့ နှိပ်စက်တဲ့ ခုံပဲဆိုပါတော့လေ။

ဒီခေတ်မှာ အဲ့လိုသာ အာကြမ်းလျှာကြမ်းနဲ့ အမျိုးသမီးတွေမှန်သမျှသတ်မယ် ဆိုရင်တော့ .. မတွေးရဲစရာပဲ။




“Thumb Screwer”

ဒီနှိပ်စက်တဲ့တစ်ခုကတော့ သမိုင်းမှာ တော်တော်နာမည်ကြီးခဲ့တဲ့ တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတိုင်းနီးပါး အသုံးပြုခဲ့တယ်လို့ လည်းသိရပါတယ်။ ဆိုလိုတာကတော့ …

ဘာလဲဆိုတော့ .. အဲ့ကြိတ်စက်လို အရာထဲကို လက်ချောင်း (သို့ ) ခြေချောင်းလေးတွေထည့်ပြီးတော့ အဲ့ကြိတ်စက်နဲ့ တစ်စစ်ချင်း ကြိတ်ပြစ်တာပါ။ တော်တော်ဆိုးဆိုးခံစားရမယ်လို့ မျှော်လင့်ပါတယ်။


“The Iron Maiden”

ဒီပစ္စည်းကတော့ တော်တော်ဆိုးတဲ့အရာတစ်ခုပါပဲ။ 

ပုံမှာမြင်တဲ့အတိုင်းပဲ .. အဲ့အခေါင်းလိုအရာကြီးထဲကို လူကိုထည့်ပြီးတော့ တံခါးပိတ်ချလိုက်ပါတယ်။ 

အဲ့မှာ ကွိုင်တက်တာကတော့ .. အဲ့အခေါင်းအတွင်းပိုင်းမှာ အဆူးချွန်တွေ ထည့်ထားပါတယ်။

တံခါးပိတ်လိုက်တာနဲ့ .. မာလကီးယားဖို့ သာ ပြင်ထားပေတော့။

1973 ခုနှစ်ပါတ်ဝန်းကျင်မှာ သောက်ရမ်း ဆိုးသွမ်းခဲ့တဲ့ .. အကျဉ်းသားအချို့ ကို နှိပ်စက်ခဲ့တာဖြစ်တယ်လို့ လည်းသိရပါတယ်။

စဉ်းစားကြည့်ပါ .. ဘယ်လိုလူမျိုးတွေဖြစ်မလဲဆိုတာပေါ့လေ …


 “The Lead Sprinkler”

ဒီတစ်ခုကတော့ နည်းနည်းလေး စိတ်ဝင်စားစရာပါပဲ။ 

ဒီကြိယာထဲကို ရေပူတွေထည့်ပြီးတော့ အကျဉ်းသား ကိုလောင်းတာပါ။ ရေချိုးခန်းက ရေပန်းထွက်တဲ့ ပုံစံနဲ့ တော့ ခပ်ဆင်ဆင်ပါပဲ။

အဲ့ထက်ပိုကြမ်းတာကတော့ .. တစ်ခါတစ်လေ ရေပူ .. တစ်ခါတစ်လေ သတ္တုဖျော်ထားတဲ့ အပူရည် .. တစ်ခါတစ်လေ ဆီပူတွေထည့်ပြီးတော့ လောင်းချတာဖြစ်ပါတယ်။

အဲ့ဒါကိုအဆိုးဆုံးလို့ ထင်နေတာလား?

မှားသွားမယ်နော် .. လောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ မျက်လုံးနဲ့ အခြားသော အနုစိတ်တဲ့ နေရာတွေပဲဖြစ်ပါတယ်။



“The Boot”

ဒါကတော့ ဖိနပ်လေးပါ။ 

သန်းထွဋ်အောင်တို့ စီးတဲ့ သံဖိနပ်တော့မဟုတ်ပါဘူး။ 

အကျဉ်းသားခြေထောက်မှာ တပ်ဆင်ပြီးတော့ အားလုံးမြင်တဲ့အတိုင်းပဲ ပါဝင်တဲ့ မူလီကိုတဖြည်းဖြည်းချင်း ကျပ်လိုက်ပါတယ်။

ဆိုတော့ ကာ ခြေထောက်က အဆမတန်နာကျဉ်မှုကိုခံစားရပါတယ်။

စဉ်းစားကြည့်တာနဲ့ ကြက်သီးထစရာပါပဲ။



“The Pear of Anguish”

ပုံမှာမြင်တွေ့ နေရတဲ့ တစ်ခုကတော့ စစချင်းမှာ ပိတ်ထားတဲ့ အလုံးကြီးပါ။ 

နောက်ပိုင်းတော့ ပါးစပ်ထဲကို အတင်းထိုးထည့်ပြီး ဖြည်းဖြည်းချင်းပုံမှာ မြင်တွေ့ ရသလို တဖြည်းဖြည်းဆွဲအာလိုက်ပါတယ်

အဲ့တော့ ပါးစပ်တွေ တဖြည်းဖြည်းချင်းကွဲလာပြီးတော့ နှစ်ခြမ်းပြဲသွားလိုက်ပါလိမ့်မယ်။

သူ့ ပုံစံကတော့ သစ်တော်သီးနဲ့ ခပ်ဆင်ဆင်ရှိပါတယ်။

ဆိုတော့ကာ ပါးစပ်နဲ့ ပါတ်သတ်တာပဲဖြစ်ဖြစ် သွားကိုက်တာနဲ့ ပဲဖြစ်ဖြစ် ပြသနာရှိရင် 808 ကို ဆက်သွယ်လိုက်ပါနော်။

ကျွန်တော်တို့ အာ့လေးနဲ့ အခမဲ့ ကုသပေးပါ့မယ်။




“The Neck Violin”

ဒီတစ်ခုကတော့ တယောပုံစံရှိတဲ့ အကျဉ်းသားဖမ်းချူပ်တဲ့အရာလေးပါ။ 

ပုံမှာမြင်တဲ့အတိုင်း လည်ပင်းနဲ့ လက်နှစ်ဖက်ကို ချူပ်နှောင်တဲ့အရာဖြစ်ပြီးတော့ ဘယ်လိုအကျဉ်းသားတွေကို အပြစ်ပေးသလဲ ဆိုရင်တော့… 

ကျွန်တော်ပြောခဲ့သလိုပေါ့လေ … ပါးစပ်ကြမ်း လျှာကြမ်းရှိတဲ့ အမျိုးသမီးတွေကို အဲ့ခေတ်အဲ့အခါတုန်းက အပြစ်ပေးတဲ့ ပစ္စည်းတစ်ခုဖြစ်တယ်လို့ လည်းသိရပါတယ်။

မိန်းမတွေ ဘ၀က အရင်တုန်းက တော်တော် မလွယ်ကူခဲ့တာပဲ။




“The Knee Splitter”

ဒီတစ်ခုကတော့ နည်းနည်းတော့ စားပါတယ်။ ဒီပစ္စည်းကို ဒူးခေါင်းမှာစွပ်လိုက်ပြီးတော့ သူတို့ လိုချင်တဲ့ အနေအထားရောက်တဲ့အခါမှာ တင်းကျပ်အောင် လုပ်ပလိုက်ပါတယ်။ 

ဆိုတော့ကာ … အဲ့မှာပါတဲ့ အချွန် တွေက အကျဉ်းသားရဲ့ ဒူးခေါင်းထဲကိုစိုက်ဝင်သွားပါတယ်။

သူတို့ ရဲ့ ပန်းတိုင်ကတော့ ဒူးစစ်တစ်ခုလုံးပြုတ်ထွက်သွားပြီးတော့ သတ်စရာပင်မလို သေချင်စိတ်ပေါက် သွားအောင်လုပ်တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။

မိုက်ပါတယ် .. ဒူးစစ်နာနေရင် အာ့လေးနဲ့ လုပ်ကြည့်ပါ လား။




“The Head Crusher”

နှိပ်စက်လို့ ကောင်းတဲ့ ပစ္စည်းတွေကို အရင်ကလူတွေ တော်တော်ခေါင်းအစားခံပြီးတော့ စဉ်းစားထားကျ တာတော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ 

ဥပမာ ဒီတစ်ခုဆိုပါတော့လေ …

အဲ့အောက်မှာ ခေါင်းကို ထည့်ပြီးတော့ အပေါ်က အဆူးပုံဆန်ဖော်ထားတဲ့ အရာနဲ့ ဖိညှပ်ပြစ်လိုက်ပါတယ်။

အဲ့လိုဆိုတော့ … ဖြစ်နိုင်ချေရှိတာကတော့ မျက်နာမှာ သေရာပါ ဒဏ်ရာသို့ မဟုတ် ဦးခေါင်းတစ်ခုလုံး စုတ်ပြတ်ပြီးတော့ သေနိုင်ခြေများပါတယ်။

ရေးရင်းနဲ့ တောင် စိတ်နည်းနည်းလေလာပါပြီ။



“Foot Caning”

ခြေဖ၀ါးကို ကြိမ်နဲ့ ရိုက်တာပါ။ ရိုးရှင်းပါတယ်။ 

ဆိုလိုတာကတော့ … ကျွန်တွေကိုနှိပ်စက်ခဲ့တဲ့ လက်နက် တစ်ခုလည်းဖြစ်ပါတယ်။

တောင်အမေရိက တစ်ခုလုံးနဲ့ အခြားသော နိုင်ငံ (သို့ ) ဒေသတွေမှာ အသုံးပြုခဲ့ကျ ပါတယ်။

ထူးခြားချက်တစ်ခုကတော့ .. သူတို့ က ရိုက်နှက်မှုတွေပြုလုပ်ရင်တောင် အရှိုးရာ မထင်အောင်ရိုက်နှက်ပါ တယ်။

အဲ့ဒါကြောင့်လည်း ခြေဖ၀ါးကို ရွေးချယ်ရိုက်နှက်တာပါ။

ဘာ့ကြောင့်လဲဆိုတော့ .. အကယ်လို့ ဒဏ် ရာတွေ သိပ်များနေမယ်ဆိုရင် နောက်ပိုင်း အဲ့ကျွန်ကို ပြန်ရောင်းရင် ဈေးကောင်းမရတော့တဲ့အတွက် ကြောင့်လို့ ရေးသားထားပါတယ်။




 “The Breast Ripper”

နာမည်ကိုမြင်တဲ့အတိုင်းပါပဲ

အမျိုးသမီးတွေရဲ့ ရင်သားတွေကို စုတ်ဖြဲမဲ့ ပစ္စည်းကြိယာပဲဖြစ်ပါတယ်။ 

ဘာ့ အတွက်လုပ်သလဲဆိုရင်တော့ လင်ငယ်နေတဲ့အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီးတွေကို အပြစ်ပေးနှိပ်စက်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

ဂျာမနီတွေအသုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီးတော့ … 1600 နဲ့ 1800 ခုနှစ် (နှစ်ပေါင်း 200) အတွင်းမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။



“Riding the Rail”

အမျိုးသားပဲဖြစ်ြဖစ် အမျိုးသမီးပဲဖြစ်ဖြစ် … ဒီပြစ်ဒဏ်ကို ခံစားရလေ့ရှိပါတယ်။

ဘယ်လိုမျိုးလဲဆိုရင်တော့ တန်းတစ်ခုပေါ်မှာ ဟန်ချက်ညီညီနဲ့ ထိုင်ခိုင်းပြီးတော့ လူနှစ်ယောက်ကပုံမှာ မြင်တွေ့ တဲ့အတိုင်း ထမ်းယူပြီး တော့ … ရွာထဲကနေ ရွာပြင်ကို ခေါ်ဆောင်သွားကျပါတယ်။

ဆိုလိုတာကတော့ …
ခရီးအရမ်းဝေးတာဖြစ်တဲ့အတွက် … ယောင်္ကျားလေးဖြစ်ခဲ့ရင်တော့ ပေါင်ကြားမှာရှိတဲ့ အရာအောင့်လာမှာ ဖြစ်ပြီးတော့ အမျိုးသမီးဆိုရင်တော့ အောင့်ချင်တဲ့နေရာအောင့်မှာဖြစ်ပါတယ်။

သိပ်တော့ အရမ်းကြီးနာကျင် တဲ့ အပြစ်ပေးမှုမဟုတ်ပေမယ့် .. နာကျင်မှုကတော့ ထိုက်သင့်သလောက်ခံစားရမှာဖြစ်ပါတယ်။



“Scalping”

ဒီတစ်ခုကတော့ သေခါနီးလူတွေကို ဦးရေခွံတွေဆွဲခွာပြစ်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်

ဘယ်လိုလူတွေကို ပြောသလဲဆိုရင်တော့ သေဖို့ အတွက်သေချာနေတဲ့ အပြစ်သားတွေကို ၀ိုင်းဝန်းနှိပ်စက် တဲ့ နှိပ်စက်နည်းတစ်ခုလည်းဖြစ်ပါတယ်။

ဘယ်ဒေသနဲ့ ဘယ်နေရာဆိုတာတော့ ဖော်ပြထားချင်းမရှိပေမယ့် သေချာတာတစ်ခုကတော့ သမိုင်းမှာ အသုံးပြုခဲ့ကျတာလည်းဖြစ်ပါတယ်။



 “The Stocks”

ထူးထူးခြားခြားမဟုတ်ပါဘူး။

ထိပ်တုံးပဲဆိုပါတော့လေ။

ကမ္ဘာပေါ်က တစ်ချို့ နေရာတွေမှာ အခုထိ အသုံးပြု နေတဲ့ အရာတစ်ခုလည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။




“Strappado”

လက်ပြန်ကြိုးတုတ်ပြီးတော့ အပေါ်ကို ဆွဲတင်တာပါ။

ပုံကိုကြည့်လိုက်ရင် ပိုပြီးတော့ ရှင်းလင်းမယ်လို့ ယူဆ မိပါတယ်။ ဒါ့အပြင် အပိုဆုအနေနဲ့ အောက်မှာလည်း အလေးချိန်ရှိတဲ့ ခဲကို ဆွဲထားပါသေးတယ်။

အပေါ်နာ အောက်နာနဲ့ နောက်ဆုံးသေတဲ့အထိ ဖြစ်မှာကတော့ သေချာပါတယ်။




“The Judas Cradle”

အကျဉ်းသားကို ပိရမစ် ပေါ်မှာ အ၀တ်ဘလာနဲ့ ထိုင်ခိုင်းတဲ့ နှိပ်စက်နည်းလည်းဖြစ်ပါတယ်။

ဆိုလိုတာက တော့… အဲ့နောက်မှာတော့ စအိုဝက သွေးထွက်လွန်ပြီးတော့ သေဆုံးပါလိမ့်မယ်။

အဲ့လိုမသေခဲ့ရင်တော့ အနာဖြစ် .. ရောဂါဝင်ပြီးတော့ နောက်ဆုံးမှာတော့ သေဆုံးရမှာပဲ။ ပြောချင်တာက တော့ ဖင်ကွဲပြီးသေတယ်ဆိုတာ ဒါမျိုးပါ။




“The Heretic's Fork”

ခရင်းခွကို လည်ပင်းနဲ့ ရင်ဘက်ကြားမှာ ထောက်ထားတာပါ။ အကယ်လို့ ခင်များ အိပ်ငိုက်မယ်ဆိုရင်တော့ … သေဆုံးဖို့ က 100%

များသောအားဖြင့်တော့ .. တရုတ်စစ်တပ်တွေမှာ အသုံးပြုပါတယ်။

သူတို့ ကတော့ အကျဉ်းသားကို အပြစ် ပေးတာမျိုးမဟုတ်ပဲ သူတို့ စစ်သားတွေကို အမိန့် နာခံတတ်မှုနဲ့ အိပ်ငိုက်ခြင်းကို ဖျောက်ပြစ်တဲ့ အကောင်း ဆုံးနည်းလမ်းလို့ သူတို့ က ခံယူထားပါတယ်။




“The Spanish Tickler”

ဒီနည်းလမ်းကတော့ အကျဉ်းသားကို ကျောပေးခိုင်းပြီးတော့ ခိုင်မာတဲ့ ကြိုးတွေနဲ့ အတူ အပေါ်အောက် မျှတအောင်ဆွဲဆန့် ထားပါတယ်။

ထို့ နောက်မှာတော့ .. ကျောပြင်တစ်ခုလုံးကို အလကားနေရင်း ဓားတွေနဲ့ မွှန်းပါတယ်။

အ၀တ်ဗလာနဲ့ ဆိုတော့ … နောက်ပိုင်းမှာ ဒဏ်ရာတွေပိုများလာပြီးတော့ မာလကီးယားဖို့ က တော်တော် သေချာပါတယ်။




“Lingchi, or slow slicing”

တရုတ်တွေရဲ့ နည်းလမ်းတစ်ခုပါ။

ဘယ်လိုမျိုးလဲဆိုရင်တော့ အကျဉ်းသားကို တိုင်မှာချည်ပြီးတော့ သက်ဆိုင်တဲ့ ရဲမတ်တွေက ဓားနဲ့ နည်းနည်းချင်းဆီ ၀ိုင်းပြီးတော့ လှီးယူပါတယ်။ အဲ့လိုဆိုတော့ ဖြည်းဖြည်းချင်းဆီ သေမယ်ထင်ပါတယ်။

ရဲမတ်တွေနားတဲ့အချိန်မှာ ယင်ကောင်ကနားလိုက် .. ကြွက်တွေက လာစားလိုက် .. အဲ့ သတ္တ၀ါတွေ ဗိုက်ဝ သွားတော့ ရဲမတ်တွေပြန်ရောက်လာပြီး ပြန်လှီး … ငရဲ တစ်ခုပါပဲ။

808 Woody Creation - Ty Woody (Admin)
(Translator : Hnin Honey) (Source By : Paranormal Life / Internet)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ