အလှတရားကနေ အဆိပ်အတောက်ဖြစ်ခဲ့တဲ့ Medusa (မဒူဆာ)
Medusa ဆိုတာကတော့ ဂရိခေတ်မှာတကယ်ရှိခဲ့တဲ့ နတ်ဘုရားမတစ်ဦးပဲဆိုပါတော့။ ပုံစံကိုဖော်ပြပေးပါ ဆိုရင်တော့ ဦးခေါင်းတစ်ခုလုံးမှာရှိတဲ့ ဆံပင်နေရာမှာ အဆိပ်ပြင်းထန်တဲ့မြွေတွေနဲ့ ပြည့်နေတဲ့ အမျိုးသမီး ကိုဆိုလိုတာပါ။ ဒါ့အပြင် …
သူနဲ့ အကြည့်ချင်းဆုံသွားမယ်ဆိုရင်တော့ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုအဖြစ် သင့်ဘ၀က ချက်ချင်းကြီး ပြောင်းလဲသွားမှာလည်းဖြစ်ပါတယ်။
(အကယ်လို့ များပေါ့နော် .. သင် မဟုတ်တရုတ် လုပ်နေတုန်းသူနဲ့  အကြည့်ချင်းဆုံသွားရင်တော့ .. ပြတိုက်ရောက်သွားမယ်နော်)
သူ့ အကြောင်းကတော့ စာရေးဆရာတွေက ပေါင်းစုံရေးသားကျပြီးတော့ ဇာတ်လမ်းပေါင်း 100 ကျော်ရှိပါ တယ်။ ကျွန်တော်အဲ့အထဲကနေ (3 – 4) မျိုးလောက်တော့ ထုတ်ပြီးတော့ ရေးသားပေးလိုက်ပါတယ်ဗျ။
ကဲ .. အားလုံးပဲ … ဆက်သွားလိုက်ရအောင်
Sarpedon လို့ ခေါ်တဲ့ ကျွန်းမှာနေထိုင်ခဲ့ပြီးတော့ အဲ့ကျွန်းမှာပဲ သေဆုံးသွားခဲ့တဲ့သူတစ်ယောက်အဖြစ် လည်း စာရေးဆရာနှစ်ယောက်ဖြစ်တဲ့  Hesiod နဲ့  Aeschylus တို့ က သမိုင်းတစ်ခုမှာရေးသားဖော်ပြခဲ့ကျ ပါတယ်။
“Medusa အကြောင်းတစေ့တစောင်း”
ကျွန်တော်တို့ ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲကအတိုင်း Perseus (ပါစီးယပ်စ်)ကနေ သူမကိုခေါင်းဖြတ်ပြီးတော့ သတ်ဖြတ်လိုက်ပါတယ်။ ဘာလို့ လဲဆိုတော့ သူတိုက်မဲ့ စစ်ပွဲမှာ အဲ့ခေါင်းကိုအသုံးချပြီးတော့ အနိုင်တိုက်ဖို့  အတွက် ဆုံးဖြတ်ပြီးတော့ ခေါင်းဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
“ကွဲပြားတဲ့ အယူအဆ”
Gorgon လို့ ခေါ်ဝေါ်ကျတဲ့ ညီမသုံးယောက်ရှိခဲ့ကျပါတယ်။ Gorgon ဆိုတာ ပြည့်ဝနေတဲ့သေခြင်းတရား လို့ အဓိပ္ပါယ်ရပြီးတော့ ညီမသုံးယောက်ဖြစ်ကျတဲ့ … Medusa, Stheno, နဲ့  Euryale တို့ ကို ဆိုလိုတာပါ။
ဒါပေမယ့် ထူးခြားချက်ကတော့ Medusa လိုမျိုး သုံးယောက်စလုံး အဆိပ်ပြင်းတဲ့မြွေတွေပါဝင်တဲ့ ဆံပင် တွေကို ပိုင်ဆိုင်ထားရပါတယ်။ ဆိုလိုတာကတော့ Medusa သုံးယောက်ပေါ့ဗျာ။
သူမရဲ့ ခေါင်းကို သူရဲကောင်းမြောက်များစွာက ရယူဖို့ ကြိုးစားခဲ့ကျပါတယ်။ ဒါပေမယ့် ကျောက်တုံးအဖြစ်နဲ့  သာခရီးဆက်ပြီးတော့ ပိတ်မိခဲ့တာလည်း အဲ့သူရဲကောင်းဆိုတဲ့ လူတွေပါပဲ။
Medusa ကအမြဲတမ်းတော့ မကောင်းဆိုးဝါးအဖြစ် အဖော်ပြခံနေရတဲ့ အမျိုးသမီးတစ်ဦးမဟုတ်ပါဘူး။ အဲ့ဒါ တွေနဲ့ တော့ ပြောင်းပြန်အနေအထားမှာရှိပါတယ်။
အဓိကကတော့ သူမက ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့ ယောင်္ကျားတိုင်းနီးပါးက သူမရဲ့ အလှအပကိုစွဲလမ်းကျပါတယ်။
အဲ့လိုတွေဖြစ်နေတဲ့အတွက်ကြောင့် နတ်သမီး Athena ကလည်း Medusa ကို ခရစ်ယာန်သီလရှင်တစ် ယောက်ဖြစ်ဖို့ အတွက်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ အဲ့နောက်မှာတော့ သူမျှော်လင့်ထားသလို Medusa ကသီလရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
သို့ ပေမယ့် .. Medusa ရှိတဲ့ဘုရားကျောင်းကို ယောင်္ကျားတွေတော်တော်များများက ရောက်လာတတ်ပြီး တော့ Medusa ကိုဖွန်လာလာကြောင်တတ်ကျပါတယ်။ အမှန်တိုင်းပြောရရင်တော့ Medusa က ဆံပင် အရမ်းလှပတဲ့တစ်ယောက်လည်းဖြစ်ပါတယ်။
(Beauty Shampoo သုံးတယ်ထင်တယ်)
ဖွန်ကြောင်နတ်ဘုရားကြီး .. အဲ မှားလို့ .. ပင်လယ်နတ်ဘုရားကြီး Poseidon တစ်ယောက်ကတော့ Medusa တစ်ယောက်ကို မြင်မြင်ချင်းမှာပဲ စွဲစွဲလမ်းလမ်းကို ချစ်မိသွားပါတော့တယ်။
အဲ့လိုဆိုတော့ Poseidon က Medusa ကိုချစ်ရေးဆိုပါတော့တယ်။ သို့ ပေမယ့် ကံဆိုးတာတစ်ခုကတော့ Poseidon ကို Medusa ကခါးခါးသီးသီးကို ငြင်းလွှတ်လိုက်ပါတယ်။ 
(ကားမှမပါတာ .. နော့် ..)
ဘာ့ကြောင့်အဲ့လို Medusa ကငြင်းရသလဲဆိုရင်တော့ နတ်သမီး Athena ဆီမှာ အပျိုစင်အဖြစ်နဲ့ သာနေ ဖို့ အတွက် ကတိပြုထားတဲ့အတွက်လည်းဖြစ်ပါတယ်။ 
(မူတာပေါ့လေ ..)
Poseidon တစ်ယောက်ကလည်း ငြင်းခံလိုက်ရတဲ့အတွက် တင်းနေပြီးတော့ … နတ်သမီး Athena ဆိုတာ သူ့ လို ဘုရင်ကြီးအတွက် ဘာမှမဟုတ်တဲ့ သောက်ရူးမလေးဖြစ်တဲ့အတွက် Medusa ကိုရအောင်ယူမယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်ဆုံးမှာ ဒီလူကြီးကလည်း နတ်သမီး Athena ရဲ့ ဘုရားကျောင်းထဲမှာပဲ Medusa ကို “အစ္စဏီ” လုပ်ပလိုက်ပါတယ်။ 
(ငလူးကွာ .. တော်တော်သောက်ကျိုးပေးတာပဲ အစ္စဏီနဲ့ 808 က)
အဲ့ဒါကို Athena သိသွားတဲ့အချိန်မှာ Poseidon ကဘာလို့ သူ့ ကိုမလုပ်ရတာလဲ … အဲမှားလို့  .. ဘာလို့ အဲ့လိုတွေ Medusa လုပ်ရတာလဲဆိုပြီးတော့ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ 
(ဘာလို့ လဲဆိုတော့ Poseidon ကို အစွမ်းချင်းယှဉ်လို့ မရတဲ့အတွက် မရ ရတာကို သောက်ပြစ်ရှာတာပါ)
အဲ့နောက်မှာတော့ Athena က Medusa ကိုမနာလိုဝန်တိုမှုတွေနဲ့ အတူ ကျော်ကြားလှတဲ့ Medusa ရဲ့ ဆံပင်တွေကို ယောင်္ကျားတွေမကြိုက်နိုင်တော့အောင် မြွေတွေအဖြစ် ကျိန်စာတိုက်လိုက်ပါတယ်။
အဲ့မှာပဲ … သူနဲ့ အကြည့်ချင်းဆုံတဲ့သူတိုင်း ကျောက်ရုပ်အဖြစ်နဲ့ နေထိုင်သွားရပါတယ်။ အဲ့လိုနဲ့ အချိန်တွေ ကြာလာတဲ့အခါမှာ သူမရဲ့ ဦးခေါင်းကို ရယူနိုင်ရင် ဆုလာဘ်တွေရရှိနိုင်တဲ့အတွက် ဆုကြေးတစ်ခုဖြစ်လာပါ တယ်။
နောက်ဆုံးမှာတော့ Perseus (Zues ရဲ့ သားတော်) ကအနိုင်ပိုင်းပါတော့တယ်။ ဘယ်လိုအနိုင်ပိုင်းသလဲဆို ရင်တော့ .. သူ့ ဦးလေးဖြစ်တဲ့ Hades ကိုအကူညီတောင်းခဲ့ပါတယ်။ ကိုယ်ပျောက်နိုင်တဲ့ ခေါင်းစွပ်ကို ပြုလုပ်ပေးဖို့ အကူညီတောင်းခဲ့တာပါ။
အဲ့လိုနဲ့ .. အလွယ်တကူနဲ့ ဘုရားကျောင်းကို ရောက်သွားပါတယ်။ ဒါ့အပြင် Perseus က အရောင်ပြန်နိုင်တဲ့ ကြေးဒိုင်းတစ်ခုလည်း Athena ကိုယ်တိုင်က ပေးအပ်ခဲ့ပါတယ်။ အဲ့တော့ အကြည့်ချင်းမဆုံတော့ဘူးပေါ့ ကွယ်။
အဲ့နောက်မှာတော့ … အလွယ်တကူပဲ Medusa ကိုခေါင်းဖြတ်နိုင်ခဲ့ပါတယ်။ အဲ့လိုခေါင်းဖြတ်ပြီးတဲ့အချိန် ကျမှ Medusa တစ်ယောက် Poseidon ရဲ့ ကိုယ်ဝန်လွယ်ထားရကြောင်း Perseus တစ်ယောက်သိခဲ့ရပါ တယ်။
သို့ ပေမယ့်လည်း နောက်ကျသွားပြီဖြစ်တဲ့အတွက်ကြောင့် ခေါင်းကိုတော့ သူယူဆောင်ပြီးတော့ အောင်မြင် တဲ့တိုက်ခိုက်ရေးပေါင်းများစွာကို ရယူခဲ့ပါတယ်။ နောက်ဆုံးပိတ် အဆုံးသတ်ပြောရမယ်ဆိုရင်တော့ Medusa ကတော်တော် သနားဖို့ ကောင်းပါတယ်။
သူ့ အလှက သူ့ ကို ဒဏ်ခတ်လိုက်တာပါပဲ။ အဲ့တော့ ပြောချင်တာကတော့ ယောင်္ကျားတွေကို မတူသလို မတန်သလိုလုပ်ရင် ဒဏ်ရာတွေပဲ ရတတ်ပါတယ်တဲ့ .. 
(မိန်းကလေးတွေ ၀ိုင်းမဆဲကျနဲ့ နော်)
808 Woody Creation – Ty Woody (Admin)
(Translate By : Hnin Honey) (Source By : Youtube / Wiki / Internet)
Comments
Popular posts from this blog
ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ
Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?
ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ