Cicada 3301 ဆိုတာဘာလဲ? (စိတ်ဝင်စားဖွယ်အကောင်းဆုံး ပြသနာ)


Cicada 3301 ဆိုတာကတော့ ကမ္ဘာပေါ်မှာဖြေရှင်းလို့ မရနိုင်သေးတဲ့ ပုစ္ဆာတွေထဲကတစ်ခုလို့ ပြောလို့  ရသလို စောက်အထာအကျဆုံး လက်တွေ့ ပညာရေးစာမေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Coding သမားတွေတောင် တိုင်တွေပါတ်ကုန်တဲ့အထိကိုခက်ခဲလွန်းတဲ့ ပုစ္ဆာတစ်ခုလို့ ကျွန်တော် ဆိုလိုတာပါ။
ကျွန်တော်ရေးတဲ့အကြောင်းအရာတွေက သူများတွေနဲ့ လည်းတူချင်မှလည်းတူမယ် ဒါပေမယ့် သေချာတာ တစ်ခုကတော့ မပီကလာ ပီကလာ စကားသံတွေနားထောင်လိုက်ရတဲ့ Video File ထက်တော့ တန်ဖိုးရှိ မယ်လို့ ထင်တာပါပဲ။
ဒီကစားပွဲကိုတော့ ဇန်န၀ါရီလ 4 ရက်နေ့ 2012 ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ကစားပွဲအဖြစ်သတ်မှတ် ချိန်ကတော့ တစ်လပဲပေးခဲ့ပါတယ်။ လူတွေလုံးဝလက်လျှော့လိုက်ရတဲ့အထိဖြစ်ခဲ့ရတယ်ဆိုပါတော့လေ။
ဒုတိယတစ်သုတ်ကိုတော့ ဇန်ဝါရီလ 4 ရက် 2013 နဲ့ တတိယတစ်သုတ်ကိုတော့ ဇန်န၀ါရီလ 4 ရက် 2014 မှာစတင်ခဲ့တာဖြစ်ပြီးတော့ 2014 ခုနှစ်တုန်းကတော့ ဒီပြိုင်ပွဲကို Twitter မှာစတင်ကြော်ငြာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကတော့ iQ မြင့်တဲ့သူတွေသာ ၀င်ရောက်စဉ်းစားဆုံးဖြတ်ပြီး အဖြေတွေလိုက်လံရှာဖွေခဲ့ကျပေမယ့် တကယ်တော်တဲ့ ဆရာကောင်ကြီးတွေတောင် လက်ဖျားခါသွားတဲ့အထိ ကြီးကျယ်လွန်းပါတယ်။ ပထမဆုံး ပြိုင်ပွဲဖွင့်တဲ့အချိန်မှာ Wedsite တစ်ခုလုံး လိပ်ပြာလိုလိုကောင်ကြီးပဲ ရှိနေပြီးတော့ ဘာခလုတ်မှလည်းနှိပ် လို့ မရသလို Login ၀င်ရမဲ့နေရာနဲ့ Home ခလုတ်အစရှိသည်တို့ တစ်ခုမှပါဝင်လာတာမျိုးမရှိပါဘူး။
ကျွန်တော်သာဆိုရင် လှည့်ပြန်ခဲ့ပါတယ်။ အခုလည်းကျွန်တော်အဲ့လမ်းကနေ လှည့်ပြန်လာခဲ့တာပါပဲ။ ခင် များသွားလည်း လှည့်ပြန်လာရမှာသေချာပါတယ်။ ဒါပေမယ့် နိုင်ငံခြားကကောင်တွေက စောက်ရမ်းတွေ ကြိုးစားလိုက်တာ နောက်ဆုံးမှာတော့ ပထမအဆင့်ကို အောင်မြင်သွားပါတယ်။ ဆိုလိုတာကတော့ Wedsite ထဲ ဒီကောင်တွေရောက်သွားတယ်ပေါ့ဗျာ။
ပထမအဆင့်ကိုဖြတ်ကျော်တဲ့သူတွေထဲမှာ တော်တော်ကျွမ်းကျင်နာမည်ကြီးတဲ့ Coding သမားတွေ ပါဝင်လာသလို Hacker အချို့ လည်းပါဝင်လာတယ်လို့ သိရပါတယ်။ ယုံတမ်းပဲလားတော့မပြောတတ်ပါ။ ဒါပေမယ့် ပထမအဆင့်ကိုအောင်မြင်သွားပါတယ်။
Wesite ထဲရောက်တော့ မအေဘေးလေးတွေအကုန် တိုင်ပါတ်ကုန်ကျပါတယ်။ ဘာမှမရှိတဲ့ အနက်ရောင် Screen ပေါ်မှာ Barcode အလုံးပေါင်းသန်းနဲ့ ချီပြီးပေးထားပါတယ်။ Coding တွေလိုက်ဖြည်ကြည့်တော့ လည်း စောက်အဓိပ္ပါယ်မရှိတာတွေဖြစ်နေတဲ့အတွက် အချိန်ကြန့် ကြာမှုတွေက အဆက်မပြတ်ပါပဲ။
နောက်တော့မှ ဆက်ဆက်မိရင်းနဲ့ ကဗျာစာအုပ်တွေက စာတိုစာစ တွေအပါအ၀င်ရောမ ခေတ်ကလို လူနားမလည် ဂြိုလ်သားသောကရောက်သွားမဲ့ စာတွေဖြစ်နေတာလည်း တွေ့ ရှိခဲ့ရပြန်ပါတယ်။ အဲ့အချိန် မှာသိလိုက်ရတာတစ်ခုကတော့ ဒီပွဲကိုတစ်ယောက်ထဲ Run ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ကမ္ဘာတစ်ဝှမ်းကလူတွေက အသီးသီးသောသူတို့ ဘက်စုံရ စွယ်စုံကြမ်းကောင်တွေကို ချိတ်ဆက်ပြီးတော့ ဒီကစားနည်းကို ဆက်ကစားကျပါတယ်။ တဖြည်းဖြည်းနဲ့ ဂေါ်လာသလို နာမည်ကြီးချက်တွေကလည်း ဟုမ်းဟုမ်းတောက်လာတယ်ဆိုပါတော့ဗျာ။
သူတို့ ဖြတ်သန်းနေကျတဲ့အချိန်မှာ ရလဒ်တစ်ခုကတော့ မမျှော်လင့်စရာတစ်ခုကိုကြုံလိုက်ရပါတယ်။ ဒါကတော့ သူတို့ အသည်းအသန်လိုက်ရှာနေတဲ့ ကုဒ်တွေက ကမ္ဘာပေါ်မှာရှိတဲ့ မြို့ ကြီးခုနှစ်ခုရဲ့ တည်နေ ရာတွေဖြစ်နေတယ်ဆိုတာပါပဲ။
ဒါတွေကိုသိသိချင်း တစ်ကမ္ဘာလုံးက ဆရာသမားတွေချိတ်ဆက်ပြီး အဲ့တည်နေရာတွေကိုလိုက်လံကြည့်ရှု တဲ့အခါမှာ အဲ့ဒီ လိပ်ပြာလိုလို ဘာလိုလိုတံဆိပ်အပါအ၀င် နောက်ထပ် QR Code ဖတ်လို့ ရတဲ့ Scan တစ် ခုကို စာရွက်အောက်မှာရေးထားပါတယ်။ အဲ့စာရွက်တွေကိုလည်း Public လမ်းမီးတိုင်တွေမှာ ကပ်ထားတာ ပါ။
သူတို့ တွေ့ ခဲ့တာတွေကို လိုက်လံရှာဖွေနေရင်း အီဂျစ်ခေတ်ကစာအုပ်တွေထဲက စကားထာတွေအပြင် အခြားသော လူသတ်မှုဖြစ်ခဲ့ဖူးတဲ့ တည်နေရာတွေက လူသေတွေနဲ့ ပါတ်သတ်တာတွေပါ ပါဝင်လာတဲ့အထိ ရှုပ်ထွေးလာကျပါတယ်။
ဆိုတော့ကာ ယုံတမ်းပုံပြင်နဲ့ အင်တာနက်ကလူတွေပြောပုံအရဆိုရင်တော့ သူတို့ က ကမ္ဘာပေါ်မှာရှိတဲ့ သူတွေထဲက ဆိုက်ဘာနည်းပညာအကျွမ်းကျင်ဆုံးလူတွေကိုအလိုရှိနေတာဖြစ်တယ်လို့ ပြောကျပါတယ်။ အားလုံးကျော်ဖြတ်ပြီးရောက်သွားတဲ့သူတွေရှိသလို သူတို့ ကိုပြန်လည်မတွေ့ ရတော့ဘူးလို့ လည်းပြော ကျပါတယ်။
အခုလက်ရှိမှာလည်း ဒီကစားပွဲကို 2015 – 2016 – 2017 ခုနှစ်တွေမှာဆက်တိုက်ကျင်းပခဲ့တာဖြစ်ပြီး တော့ အောင်မြင်သွားတဲ့ သူတွေသတင်းကတော့ အခုထိတော့မကြားမိသေးပါဘူး။ 2018 အတွက်လည်း လူခေါ်တော့မှာပါ။ ဆိုတော့ကာ ရွှေမြန်မာတွေက ဆရာကျတဲ့ သူတွေမို့ သွားရောက်အဖြေရှာသင့်ပါတယ်။
သူတို့ ဆောင်ပုဒ်ကလည်း နည်းနည်းတော့ စားတယ်။ “We Are Searching Leaders, Not A Followers” ဆိုပြီးလက်ကိုင်ထားတယ်လည်းပြောကျပါတယ်။ Cicada 3301 ဆိုတာက အင်တာနက်မှာ ဖြေရှင်းလို့ မရတဲ့ ကိစ္စတွေထဲက ၅ ခုထဲကတစ်ခုလည်းဖြစ်ပါတယ်။
ကဲ… ပရိတ်သတ်ကြီးကကော? အခုပဲသွားမလား? ကြောင်တောင်တောင် မြန်မာပြည်ငပေါတွေရဲ့ အတွင်းရေးသတင်းတွေကို ဆက်ပြီးတော့ ထိုင်ကြည့်နေမလား?
ကျွန်တော် အဲ့ထက်ပိုကောင်းတဲ့ အကြောင်းအရာတွေရေးဖို့ ရှိနေပါသေးတယ်။ ဆက်လက်အားပေးပြီး ကျွန်တော့်ကိုအားတက်စေဖို့ အတွက် ဒီ Post လေးကို Like လုပ်ပြီး Share လုပ်ဖို့ မမေ့ပါနဲ့ ဦးနော်။ တစ်လက်စတည်း ကျွန်တော့်ကို FOLLOW လေးလုပ်သွားပါဦးဗျ။
808 Woody Creation - Ty Woody (Admin)
(Source By : Internet / Youtube)
Cicada 3301 Wedsite Link Here - http://cicada3301.com/

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ