သင်္ကြန်မှာ ဗုံးပေါက်ပြီးမသေသေးရင် ဒီဟာလေးကိုဖတ်ပေးပါ


“ဘုရား ဘုရား ဘယ်နှစ်ယောက်တောင် ရောက်နေပြီလဲ”

ဒီဓာတ်ပုံကိုကြည့်တဲ့အားဖြင့်တော့ လူတစ်ယောက်ကိုခွဲစိတ်နေတဲ့ ဓာတ်ပုံတစ်ခုလို့ စာဖတ်ပရိတ်သတ်တွေ မြင်ယောင်မိပါလိမ့်မယ်ဗျ။ 

ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုပဲမြင်လိုက်မိပါတယ်။ ဒါပေမယ့် ခင်များထင် တာလေးတွေ နည်းနည်းလေးမှားနေပါတယ်ဗျ။ 
ဆိုလိုတာကတော့ အဲ့လိုမဟုတ်လို့ ပါ။

လူကိုစက်ရုပ်အဖြစ်ပုံစံပြောင်းတာမျိုးမဟုတ်ပဲ .. လူသားနဲ့ ပုံစံတူတဲ့ စက်ရုပ်တစ်ခုကိုတည်ဆောက်နေတာပဲဖြစ်ပါတယ်။

အခုလိုထင်ယောင်ထင်မှားတွေဖြစ်စေတဲ့ ဓာတ်ပုံကို တော့ Internet ရဲ့ အကျယ်ပြန့် ဆုံးသော နေရာတစ်ခုဖြစ်တဲ့ Deep Web ကနေပြီးတော့ ငနဲတစ်ယောက်က သွားရောက်ထုတ်ယူလာတာပဲဖြစ်ပါတယ်။

အဲ့ဒါထက်စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုကတော့ ဓာတ်ပုံရဲ့ အချိန်ကာလက ကျွန်တော်တို့ တွေ ကြိုက်နှစ်သက်တဲ့ ကာတွန်းကားပေါင်းများစွာကို ထုတ်လုပ်နိုင်ခဲ့တဲ့ Walt Disney ကုမ္ပဏီမတည်ထောင် ခင်ကတည်းက ဖြစ်ပြီးတော့

အဲ့ခေတ်အဲ့အခါက နည်းပညာသာအဲ့လောက်တိုးတက်နေခဲ့မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အခုလို သောက်ကျိုးနည်း လူသားစက်ရုပ်တွေ ဘယ်နှစ်ရုပ်ရောက်နေပြီလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲနော်။


“အမွှာတွေက ကြောက်ဖို့ ကောင်းတယ်”

ဓာတ်ပုံကြည့်တာနဲ့ ကို “ဘာလား” ဆိုပြီးတော့ဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ဒီကောင်မလေးရဲ့ ခြေထောက်တွေကိုကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်မိလိုက်တာကြောင့်ပါ။

သူမကိုတော့ လွန်ခဲ့တဲ့ 1868 ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ တင်ပါးနှစ်ခုနဲ့ ခြေထောက်လေးချောင်းပါလာတဲ့အတွက် သူမက သာမာန်ကလေးငယ်တစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။

ထူးဆန်းနေတာတွေရဲ့ ရလဒ်ကြောင့် သူမရဲ့ ငယ်ဘ၀ကို နယ်လှည့်ဖျော်ဖြေရေးအဖွဲ့ ထဲမှာ အချိန်ကုန်ခဲ့ရပြီးတော့ ပျော်ဖို့ ကောင်းတဲ့ ငယ်ဘ၀တစ်ခုတော့ သူမ မရရှိခဲ့ပါဘူး။

ပြန်လည်ဖော်ပြထားတဲ့ စာသားတွေအရတော့ သူမကို ကိုယ်ဝန်ရှိခဲ့စဉ်အခါက အမွှာပူးနှစ်ယောက်ဖြစ်ခဲ့ပြီးတော့ သူမရဲ့ မွေးချင်းက အမေရဲ့ ဗိုက်ထဲမှာပဲ သူမ ခန္ဓာကိုယ်ထဲမှာ ၀င်ရောက်ကြီးပြင်းလာခဲ့တဲ့အတွက် အခုလိုဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။




“ဆရာဝန်ဆိုတာလည်း လူသတ်သမားပဲ”

လွန်လေပြီးတော့ … အဲ့လိုထက်ပိုပြီးတော့ လွန်လေပြီးတဲ့ အချိန်တွေထဲက ဓာတ်ပုံတစ်ခုဖြစ်ပါတယ်။ 

ဆေးပညာနဲ့ ပါတ်သတ်ပြီးတော့ အရှိန်အ၀ါကောင်းနေတဲ့အချိန်၊ ခန္ဓာကိုယ်နဲ့ ပါတ်သတ်ပြီးတော့ လေ့လာမှုအားတွေပြင်းထန်နေတဲ့ အချိန်ပဲဆိုကြပါစို့ …

အဲ့ခေတ်တုန်းကဆိုရင် လေ့လာမှုတွေပြုလုပ်ဖို့ အတွက် လူသေအလောင်းတွေ အလွန်အင်မတန်လိုအပ်နေ တာလည်းဖြစ်ပါတယ်။ 

ထို့ အတွက်ကြောင့် ကုသလို့ မရတော့ လူနာတွေကို ဖြေးဖြေးချင်းညှင်းသတ်ပြီးတော့ သူတို့ ရဲ့ သုတေသနအတွက် အလောင်းတွေအဖြစ် အသုံးပြုကျတယ်လို့ သိရပါတယ်။ တော်တော်ဆိုးတဲ့ အခြေနေတစ်ခုပါပဲ။


“ကလေးတွေကို ဒီဓာတ်ပုံမပြပါနဲ့ ”

ဒီအရုပ်ရဲ့ ဇာတ်လမ်းကတော့ ဇာတ်လမ်းတွေအများကြီးရှိပါတယ်။ တစ်ချို့ Short Film တွေမှာတောင် ပြန်လည်အသုံးပြုထားတာတွေရှိပါတယ်။ ထို့ ကြောင့် မညင်းခုံပါနဲ့ … အိုကေ?

ဒီအရုပ်ကို 10 နှစ်အောက် ကလေးငယ်တွေကို မပြသင့်ပါဘူးလို့ အထူးပြောဆိုထားပါတယ်။ 

တကယ်တမ်း ပြသလိုက်မိတဲ့အခါမျိုးမှာဆိုရင်တော့ အဲ့ကလေးက အဲ့အရုပ်ရှိတဲ့နေရာကို စိတ်စွဲပြီးတော့ မကြာခဏရောက်သွားတတ်ပါတယ်။

နောက်ပိုင်းမှာတော့ မလိုလားအပ်တဲ့စောက်ပြသနာတွေ တက်လာတတ်ပါတယ်။ ထို့ အတွက်ကြောင့် အဲ့ဒါကိုတော့ အထူးတားမြစ်လိုပါတယ်။

ထူးခြားတဲ့နောက်တစ်ချက်ကတော့ အဲ့အရုပ်ရဲ့ မျက်နာနေရာအကုန်လုံးကို လူရဲ့ အသားရေ (သို့ ) အရေပြားနဲ့ ဖုံးအုပ်ထားတာဖြစ်ပြီးတော့ ဘယ်အစိတ်အပိုင်းရဲ့ အရေပြားလဲဆိုတာတော့ ဖော်ထုတ်ဖို့ နည်းနည်းခက်ပါတယ်။




“ရေခဲတိုက်တွေကို စောက်ထင်မသေးပါနဲ့ ”

ဓာတ်ပုံတွေကြည့်ချင်းအားဖြင့်တော့ ရေခဲတိုက်အတွင်းမှာ ဆေးပညာနဲ့ ပါတ်သတ်ပြီးတော့ စာမေးပွဲပြုလုပ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါထူးခြားလား?? မထူးခြားပါဘူး။ 

ဒါပေမယ့် ပြသနာတစ်ခုကတော့ အဲ့အခန်းထဲကို ရောက်သွားတဲ့ ဆရာဝန် (သို့ ) ဆရာဝန်မဖြစ်သေးတဲ့သူတွေက အလိုလိုစိတ်တိုင်းမကျ ဒေါသတွေထွက်နေပါတယ်။ ရန်မူပါတယ်။ 

အဲ့ထက်ဆိုးတာလေးတစ်ခုတော့ အထဲကိုရောက်ဖူးတဲ့ ဆရာဝန်တိုင်းကတော့ အထဲမှာ အမြဲတမ်းလိုလို လူမဟုတ်တဲ့ လှုပ်ရှားမှုတွေကိုတွေ့ ရတယ်လို့ သိရပါတယ်။

နည်းနည်းတော့ စဉ်းစားစရာပါပဲ.. ကျွန်တော့် စာဖတ်ပရိတ်သတ်တွေထဲက ဆရာဝန်တွေ ဒီတစ်ခေါက်ရေခဲတိုက်သွားရင်သတိထားပါ …




“ပုဇွန်ထုပ်မိသားစု”

သူတို့ ကို သမိုင်းပညာရှင်နဲ့ အိမ်နီးနားချင်းတွေက အဲ့လိုခေါ်ဝေါ်ကျပါတယ်။

ဆိုလိုတာကတော့ ခြေချောင်း လက်ချောင်းတွေ အပြည့်မပါပဲနဲ့ အခုလို ပုံစံတွေဖြစ်နေကျတာပါ။ တစ်မိသားစုလုံးပါ။

အခုကော?? မသိပါဘူး သိချင်ရင် ထပ်စုံစမ်းပါ။ ကျွန်တော်ကတော့ ဒီလောက်ပါပဲ။





“စိတ်ပညာ”

ညှင်းပန်းနှိပ်စက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ အဲ့လိုထင်ရင်မှားပါလိမ့်မယ်။ မဟုတ်ပါဘူး။ 

အစောပိုင်း ဂျာမနီနိုင်ငံမှာ စိတ်ရောဂါဝေဒနာတွေကို အခုလိုကုသမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံကို ကြာကြာမကြည့်ပါနဲ့ အဲ့မိန်းမ လှည့်လာတတ်ပါတယ်။

808 Woody Creation - Ty Woody (Admin)
(Source By : Paranormal Life / Internet)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ