ဘာမြူလာ တြိဂံသည် ဂျင်း

ကဲ … အားလုံးပဲ တောင်းပန်ပါတယ်ဗျ။ ကတိတွေ အထပ်ထပ်ပေးရင်းနဲ့ မတင်ဖြစ်တာလေးတွေရှိခဲ့တဲ့ အတွက် ကျွန်တော်ပဲတောင်းပန်ပါတယ်ဗျ။
ဒါနဲ့ … စကားမစပ် Like 1 သန်းရှိတဲ့ Pageတစ်ခုကနေပြီး တော့ ကျွန်တော်တို့ ရဲ့ Midnight Man ဇာတ်လမ်းလေးကို ခိုးကူးပြီးတော့ ပြန်တင်ထားတာလေးတွေ့ ရပါတယ်။ မိုက်ပါတယ် သူခိုးလေးတွေရယ် …
ကိုယ်လည်း ကာတွန်းစာအုပ် ကူးတင်ပါတယ်။ နောက်ပိုင်းတော့ Credit ပေးထားပါတယ်။ ပထမက နာမည်မသိလို့ ပါ။
အိုကေ … ဒီကနေ့ မှာဆိုရင်တော့ ဘာမြူဒါ တြိဂံ .. တစ်ချို့ သိကြတာကတော့ Devil Triangle လို့ သိကြတယ်။
မြောက် အက်တလန်တစ် သမုဒ္ဒရာထဲမှာရှိတာပါ။ သူကတော့ ထူးထူးခြားခြား နာမည်ကြီးတာလေးတွေရှိပါတယ်။ အဲ့ဒါ သင်္ဘောနဲ့ လေယာဉ်ပျံတွေ ပျောက်....ပျောက်သွားတာပါ။
အဲ့မှာလူတွေက ဆယ့်နှစ်မျိုးဟင်းချိုတွေ ပြောဆိုကြပါတယ်။ အဲ့အောက်မှာ သံလိုက်စက်ကွင်းကြီးရှိပါတယ်။ ကျိန်စာသင့်နေတာပါ။ ဘာညာပြောကြပါတယ်။
ပြီးတော့ ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲပြီးတော့ အဲ့အောက်ကို နှစ်လိုက် တာပါ။ ဘလာ ဘလာ ဘလာ ဘလာ …
ဘာမြူဒါ တြိဂံဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ သင်္ဘောကြီးတွေ ဖြတ်သန်းသွားလာမှုအများဆုံး လမ်းကြောင်း တွေထဲကတစ်ခုပါ။ ပြီးတော့ အဲ့ဇာတ်လမ်းက လူတွေပုံကြီးချဲ့ လိုက်တဲ့ အရာတွေထဲက တစ်ခုပါ။
အဲ့တြိဂံထဲကနေ တစ်နေ့ ကို သင်္ဘောပေါင်းများစွာနဲ့ လေယာဉ်ပေါင်းများစွာ ဖြတ်သန်းသွားလာနေပါတယ်။
အဲ့လို နှစ်တွေအကြာကြီး ဖြတ်သန်းပြီးမှ သင်္ဘောနဲ့ လေယာဉ်အချို့ အနည်းငယ်ပျောက်ဆုံးတာပါ။ ဘာမှ မထူးဆန်းပါဘူး။
ဒါပေမယ့် ထူးဆန်းတာတစ်ခုကိုတော့ ကျွန်တော် TV အစီစဉ်တစ်ခုမှာ ကြည့်ဖူးပါတယ်။ အဲ့ဒါကတော့ ဘယ် Channel လည်းတော့မမှတ်မိတော့ပါဘူး။ နိုင်ငံခြား Channel တစ်ခုပါ။
အဲ့ဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ။ တစ်နေ့ ကျတော့ လေယာဉ်မှုးတစ်ယောက် (အမျိုးသမီး) က အဲ့နေရာမှာ အဲ့လိုတွေဖြစ်တာကို မယုံကြည်နိုင်တဲ့အတွက် တစ်ကိုယ်တော် လေယာဉ်လေးတစ်စင်းနဲ့ ပျံသန်းပါတယ်။
သူစပြီး ပျံတက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ကွိုင်မတက်သေးဘူး။ ဖြစ်ချင်တော့ တြိဂံအဆုံးနားရောက်ခါနီးမှာ အောက်မှာ မြို့ ကို သူမ မြင်ရတယ်။ ညပိုင်းဆိုတော့ မြို့ က လင်းလင်းထင်းထင်းဖြစ်နေတာပေါ့လေ။ ရုတ်တရက် တိမ်ထုသေးသေးလေးထဲ ၀င်လိုက်ရော... သူမ မြွေကိုက်ခံရတာပါပဲ။
တိမ်တွေချည်းပဲ ကျန်တော့ပြီးတော့ မုန်တိုင်းတစ်ခုနဲ့ ကြုံတဲ့အပြင် အောက်ခြေက မြို့ ကြီး ရုတ်တရက်ပျောက်သွားတယ်။ ပြီးတော့ ရေပြင်ကျယ် ကြီးနဲ့ သူရင်ဆိုင်ရတယ်။ ဒါ့ကြောင့် လေယာဉ်ဆင်းသက်ဖို့ အတွက် တော်တော် အခက်အခဲဖြစ်သွားပြီးတော့ သူမ နောက်ထပ် တစ်နာရီနီးပါးထပ်မောင်းလိုက်ရတယ်လို့ တော့ အင်တာဗျူးမှာဖြေထားတယ်။
အဲ့နောက်မှာတော့ ဘုရားသခင်ထံ တိုင်တည် အကူညီတောင်း … သူ့ ကြည့်ရတာတော့ ပြန်ပြောပြရုံနဲ့ တင် အဲ့အရာကို ပြန်လိုချင်ပုံတော့မပေါ်ဘူး။ နောက်ဆုံးမှာတော့ သူ အဲ့မြို့ ကို ပြန်တွေ့ လိုက်ရတယ်။ တော်တော်တော့ ပျော်ရွှင်သွားတယ်။ ပြီးတော့ အဲ့ဒါက လိမ်လည်ပြီးတင်ဆက်တဲ့ အစီစဉ်တော့မဟုတ်ပါဘူး။
အဲ့ဒီ တြိဂံနဲ့ ပတ်သတ်လို့ ဘယ်သူမှ အတိအကျ အဖြေမထုတ်ထားပါဘူး။ စူးစမ်းလေ့လာသူပေါင်း သန်းနဲ့ ချီ ပြီးတော့ Project အတွက်သာ ပိုက်ဆံကုန်သွားကြတာပဲရှိတာပါ။ ဒါပေမယ့် လေ့လာစူးစမ်းသူတွေထဲမှာ တော့ ဖင်ပြောင်သွားသူတွေလည်း သောင်းနဲ့ ချီပြီးတော့ ရှိပါတယ်။
1 သန်းနဲ့ 3 သိန်း ကီလိုမီတာကနေ 3 သန်း 9 သိန်း အထိကျယ်ပြန့် ပါတယ်ဗျ။ ဆိုလိုတာကတော့ အကယ်လို့ ခင်များ သွားတိုင်းတာလို့ အနည်းငယ်ကွာခြားနေရင်တော့ သက်ဆိုင်သူတွေကို စာရင်းအတိအကျနဲ့ Report တင်လိုက်ပါ။ သတင်းစာတွေထဲ ခင်များမျက်နှာနဲ့ သတင်းတွေတက်လာပါလိမ့်မယ်။
အရင်တုန်းကတော့ အဲ့ဒါကြီးကို ဘယ်သူမှ သတိမထားမိဘူး။ ဘာဖြစ်နေမှန်းလည်း ဘယ်သူမှ မသိဘူး။ တိုက်တန်းနစ် ရေထဲနစ်သလိုပေါ့လေ။ ဘယ်နားနစ်သွားသလဲတောင် သိပ်မသိကြဘူး။
ဒါပေမယ့် တစ်နေ့ ကျတော့ Miami Herald ဂျာနယ်မှာ အဲ့အကြောင်းသတင်းထဲပါလာတယ်ဗျ။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် 1950 မှာ Edward Van Winkle Jones ဆိုတဲ့ ဘဲကြီးက ရေးခဲ့တာပါ။ ( အယ့်လယ့် မသိရင် ကိုယ်ပဲ ဖတ်လိုက်ရသလိုလို ဘာလိုလို …) 😁
အဲ့နောက်မှာတော့ အဲ့သတင်းကြီးကပေါက်သွားပြီးတော့ Fate မဂ္ဂဇင်းကလည်း ထပ်ဖော်ပြပါတယ်။ အဲ့မှာ လူတော်တော်များများက အဲ့နေရာကြီးကို စိတ်ဝင်စားလာကြတယ်။
အဓိကအားဖြင့်တော့ အဲ့မှာက မုန်တိုင်းတွေ တော်တော်များများ ဖြစ်တယ်။ အဲ့နောက်မှာ ကမ်းစပ်နဲ့ အဆက်သွယ်ပြတ်တယ် .. အဲ့အချိန်မှာ ကံတရားကဆိုးတော့ ဟိုသီချင်းလေးကို မိသားစုတွေဆိုရတယ်။ “တစ်နေ့ တော့လေ .. လေမုန်တိုင်းကြီးကျလို့ လာ .. ၀မ်းနည်းစရာ ပင်လယ်ထဲ ငါးဖမ်းသွားတဲ့ တို့ ရဲ့ အဖေ” တွေဖြစ်ကုန်ရော။
ကျွန်တော်အများကြီးရေးချင်ပေမယ့် .. ဒါလေးက ဒီလောက်နဲ့ ရပ်လိုက်မယ်။ သရဲတွေ ပြန်ရေးနေတယ်။ မကြာမီလာ မည်မျှော်…
By : 808 Woody Creation – Ty Woody
(Source By : Wiki & Monster Dairy)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ