သေဆုံးသူတိုင်းအတွက် လမ်းပြပေးရတဲ့ အီဂျစ်နတ်ဘုရား Anubis


“Anubis ဆိုတာက”

Anubis ဆိုတာကတော့ အီဂျစ်ခေတ်က အလောင်းပြင် (Mummy လုပ်)တဲ့ နတ်ဘုရားတစ်ပါးလို့ စာဆိုတွေ ထဲမှာ မြင်တွေ့ ခဲ့ရပါတယ်ဗျ။ ဒီဘဲကြီးကတော့ တကယ်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက ဦးကျော်သူလိုပဲ နာမည်ကြီးခဲ့တဲ့ နတ်ဘုရားတစ်ပါးလို့ ပြောလို့ ရပါတယ်။

ဒါ့အပြင် Anubis တစ်ယောက်က လူတွေသေပြီးသွားတဲ့အချိန်၊ ရှင်းရှင်းပြောရမယ်ဆိုရင်တော့ တမလွန်မှာ လမ်းပျောက်နေတဲ့အချိန်မျိုးမှာ ဘယ်နေရာကိုသွားရမယ်ဆိုတာမျိုးကို လမ်းပြပေးတဲ့နတ်ဘုရားတစ်ပါး လည်းဖြစ်ပါတယ်။

“ကောင်းမွန်တဲ့ နတ်ဘုရားတစ်ပါး”

Anubis ကအီဂျစ်ခေတ်အစောပိုင်းကတည်းက ရှိခဲ့တဲ့ နတ်ဘုရားတစ်ပါးလည်းဖြစ်ပြီးတော့ အီဂျစ်ခေတ် တစ်ခုလုံးတိုးတက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ နတ်ဘုရားလည်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ အီဂျစ်ခေတ်မှာရှိခဲ့တဲ့ပြည်သူအားလုံးက ဘဲကြီးအပေါ်မှာ အမြင်ကြည်လင်ကျပါတယ်။

Anubis ကအဲ့ခေတ်အဲ့အခါမှာ ဘယ်လောက်ထိအရေးပါသလဲဆိုရင်တော့ တကယ့်ဆရာကြီးတွေ မာလကီး ယားနတ်ရွာစံကျတဲ့အခါမှာ Anubis ရဲ့ ရုပ်ထုကို အဲ့အုတ်ဂူရဲ့ အရှေ့ မှာ တည်ဆောက်ပြီးတော့ အရိုသေပေး ကျတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

“Anubis အကြောင်းတစေ့တစောင်း”

Mummy ရုပ်လောင်းဇာတ်သွင်းတဲ့အထဲမှာ ခွေးခေါင်းနဲ့ နတ်ဘုရားတစ်ပါးရှိပါတယ်။ အဲ့တစ်ပါးကတော့ အပေါ်မှာရေးသားထားတဲ့ Anubis ကိုဆိုလိုတာပါ။ ပြောချင်တာကတော့ Anubis က “မသာ အလှပြင်တဲ့” နတ်ဘုရားလို့ လည်းရေးလို့ ရပါတယ်။

ဘာလို့ လည်းဆိုတော့သူက အလောင်းကောင်တွေကို မပုပ်မသိုးအောင် စီရင်ပေးရတဲ့ နတ်ဘုရားတစ်ပါး လည်းဖြစ်နေလို့ ပါ။ ဒါ့အပြင် Anubis ကအရင်က Normal တစ်ယောက်ပါပဲ။

အဲ့လို Mummy လုပ်တဲ့လုပ်ငန်းခွင်မှာ ဆရာကျလာပြီးနောက်ပိုင်းမှာတော့ သူ့ အဘိုး (အဖေရဲ့ အဖေရဲ့ အဖေ) Osiris တစ် ယောက် မာလကီးယားသွားတဲ့အချိန်မှာ Anubis က မပုပ်မသိုးအောင်စီရင်ပြီးတော့ ဒုတိယအကြိမ် ပြန်လည်နိုးထလာအောင် စီရင်ပေးခဲ့ပါတယ်။

Anubis ကအဲ့မှာစပြီးတော့ Cele ဖြစ်တာပါပဲ။ ဆိုလိုတာကတော့ Osiris ဆိုတဲ့ တကယ့် Greatest နတ်ဘုရားကြီးတစ်ယောက်က Anubis လို အလောင်းပြင်တဲ့သူကို နတ်ဘုရားတစ်ပါးဖြစ်အောင် သတ်မှတ် ပေးလိုက်လို့ ပါ။

Anubis ရဲ့ ပုံစံကိုပြောပြပါဆိုရင်တော့ ရှေးခေတ် အီဂျစ်ဘုရင်များနဲ့ နတ်ဘုရားများကိုင်ဆောင်တတ်ကျတဲ့ အာဏာစီရင်ခွင့် တောင်ဝှေးကိုကိုင်ထားတဲ့ ခွေးခေါင်းနဲ့ လူကိုယ်ထည်ကိုပဲ ပြေးသတိရလိုက်ပါ။

(Anubis က ချီးပေကြီးကွာ .. ကိုယ်ဆို နဂါးခေါင်းပြောင်းလိုက်တယ်)

တစ်ချို့ သော သောက်ရူးနလပိန်းတုံးဒေသတွေမှာဆိုရင်တော့ သွေးတွေစီးကျနေတဲ့ အဖြူ နဲ့ အနက်ရောစပ် ထားတဲ့ နွားထီးကြီးကို စီးနေတဲ့ပုံစံတွေအဖြစ်နဲ့ လည်းမြင်တွေ့ ရတတ်ပါတယ်။ အဲ့မှာ ကွိုင်တက်စေတဲ့ မေးခွန်းကတော့ နွားကိုဘာ့ကြောင့်စီးတာလဲ ကျွန်တော်မသိပါ။

Anubis တစ်ယောက် သူ့ ရဲ့ မွေးရာပါ ၀ါသနာနဲ့ ထမင်းစားလုပ်ငန်းဖြစ်တဲ့ အလောင်းဆေးရည်စိမ်လုပ်ငန်း မှာ သူက အထူးကြီးကြပ်ကွပ်ကဲတဲ့ Directing Manager တစ်ယောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင် သူ့ မှာ အရေးကြီးဆုံးသော တာဝန် (3) ခုရှိတယ်လို့ လည်းသိရပါတယ်။

(၁) ရွတ်ဖတ်သူရဲ့ အဟန့်ထဲကို မံမီအဟုန် ထည့်ပေးရခြင်း
# မမစပ ဘာတွေလည်းမသိဘူး #

၂) နှုတ်ခပတ်တော် ဟခြင်း အခမ်းအနားကို စီရင်ရခြင်း
# အခမ်းနားမှူးလုပ်တာကိုဆိုလိုတာနေမယ် #

၃) ဝိဉာဉ်ကို ကောင်းကင်ဘုံ အမှာကမ်းတဲ့ ကွင်းပြင်ဖြစ်စေ၊ ငရဲကိုဖြစ်စေ ပို့ပေးရခြင်း
# ကြားပေါက်အနေနဲ့ Carry ဆွဲစားတာကို ဆိုလိုတာပါ #

အမှန်တိုင်းပြောရရင် ဘဲကြီးလုပ်ပေးရတာကတော့ တမလွန်ရောက်နေတဲ့သူတွေကို လမ်းမှန်ရောက်အောင် ပို့ ဆောင်ပေးရတာပါပဲ။ အဲ့ဒါထက်ထူးခြားတာကတော့ .. အလောင်းကို အမွှေးနံ့ သာတွေ ဘာတွေ ညာတွေ စွတ်လုပ်လိုက်ရင် သေတဲ့သူက တမလွန်မှာ လမ်းပျောက်သွားတတ်ကျပါတယ်။

အဲ့တော့ .. သူက အဲ့လိုမေ့မနေပဲနဲ့ သူ့ လမ်းသူရောက်အောင် ဘေးနားကတွန်းအားလိုက်ပေးတဲ့ နတ်ဘုရား လို့ လည်းဆိုလိုလို့ ရပါတယ်။

(သူပဲ မွှေးအောင်စီစဉ် .. သူပဲ လမ်းမှန်ရောက်အောင်ပို့ .. သောက်လုပ်ကို ရှုပ်နေတာပဲ)

စာရေးသူရဲ့ ဆိုလိုချက်ကို သုံးသပ်ရမယ်ဆိုရင်တော့ သူက သေပြီးသား ၀ိဥာဉ်ကိုသာ အခုလိုတွေ ဘေးနားက အားလူးလိုက်ဖုတ်လို့ ရတာပဲ။ မသေသေးတဲ့ သူတွေကိုတော့ သူ ၀ါဒီပွားလို့ မရပါဘူး။

ဆိုလို တာကတော့ သေပြီးသားလူတွေရဲ့ ဝိဥာဉ်တွေကို ငရဲ (သို့ )မဟုတ် တစ်နေရာရာသွားဖို့ အတွက် ဆုံးဖြတ် ပေးရတဲ့ သူ့ အဘိုး (အဖေရဲ့ အဖေရဲ့ အဖေ) Osiris ရဲ့ ရှေ့ ကို ခေါ်သွားရတာကိုဆိုလိုတာပါ။

(ဟိုဘဲကြီးက သောက်လုပ်ရှုပ်လို့ သူ့ ခိုင်းလိုက်တာနေမယ် .. အဲ့ဒါကို မာန်တက်နေတယ် သောက်ခွေး)

အဲ့လိုခေါ်လာပြီးနောက်ပိုင်းမှာတော့ သေဆုံးထားတဲ့ ၀ိဥာဉ်ရဲ့ ကောင်းမှု မကောင်းမှုတွေကို တရားခွင် (နတ်ပြည် (သို့ ) ငရဲပြည် ဆုံးဖြတ်ချက်)မှာ လျှောက်ထားရပြီးတော့ သေဆုံးသူရဲ့ အသည်းနှလုံးကို ဌက်ကုလားအုတ်အမွှေးနဲ့ ချိန်တွယ်ကြည့်ပါတယ်။

အဲ့လိုအချိန်မှာ သေဆုံးသူက ကောင်းမှုလုပ်ထားလို့ အသည်းနှလုံးက ပေါ့ပါးပြီးတော့ ဖလန်းဖလန်းထနေ ရင်တော့ ကောင်းရာမွန်ရာကို ပို့ ဆောင်လိုက်ပြီးတော့ .. ကျားရှေ့ မှောက်ရက်လဲသလို သောက်ကျိုးနည်း ဈေးထဲက ငါးရောင်းတဲ့ အဒေါ်ကြီးလို အလေးခိုးထားပြီး လေးလံနေမယ်ဆိုရင်တော့ မာလကီးယားဖို့ သာ ပြင်ထားလိုက်ပါတော့…

အပြစ်ရှိတယ်ဆိုရင်တော့ အဲ့အပြစ်အတွက်ပေးဆပ်ရမှာဖြစ်ပြီးတော့ မိချောင်းခေါင်းနဲ့ ခြင်္သေ့ကိုယ်ထည်လို လိုဘာလိုလိုနဲ့ Devouress ဆိုတဲ့ အကောင်ကြီးကဖျက်စီးပစ်တယ်လို့ အယူအဆရှိကျပါတယ်။

အဲ့ဘဲက အဲ့တရားစီရင်တဲ့အနားမှာ တစ်ဖွားမှမခွာပဲ ထိုင်စောင့်နေပါတယ်။ အပြစ်ရှိတဲ့သူဆိုရင်တော့ အဲ့အကောင်ကြီးက ခုန်အုပ်ပြီးတော့ KFC က Burger လိုဝါးတီးဖွင့်ပလိုက်ပါတယ်။

နောက်ထပ်အယူအဆတစ်ခုကတော့ အပြစ်ရှိတဲ့သူတွေကို ငရဲမှာအပြင်းအထန်နှိပ်စက်တယ်လို့ သိရပါ တယ်။

(Without သောက်ရှက်ပဲ .. မြန်မာတွေရဲ့ အယူအဆကို ခိုးထားတယ် .. LOL!!!!)

“Anubis အတွက် Admin အမြင်”

သိပ်ထူးခြားတာမျိုးမဟုတ်တဲ့အတွက် ကျွန်တော်မရေးပေးချင်တာပါ။ သို့ ပေမယ့် .. တချို့ ပရိတ်သတ်တွေ အသည်းအသန်တောင်းဆိုလို့ တင်ပေးလိုက်တာပါ။ အမှန်တိုင်းပြောရင် Wiki မှာပြန်ဖတ်ကြည့်ပါ။ အဲ့အကောင်က တကယ်ရှိတဲ့အကောင်လည်းမဟုတ်ပါဘူး။ ပြီးတော့ နောက်တစ်ခုက သူက ထင်ရှားတာ လည်းတစ်ခုမှ မလုပ်ခဲ့ပါဘူး။

ကျွန်တော်ကတော့ သူ့ ဒီဇိုင်းအနေအထားလေးကိုသဘောကျလို့ သာ ပြန်ရေးပေးလိုက်တာ။ သိပ်ပြီးတော့ လည်း အထူးအခြားကြီးမဟုတ်ပါဘူး။ ဒါပေမယ့် .. သေသွားရင် မဖြစ်မနေသူနဲ့ တွေ့ ချင်ရင်တော့ အီဂျစ်မှာ သွားပြီးတော့ မာလကီးယားဖို့ အတွက်အကြံပြုပြစေ…

ဘယ်လိုပဲဖြစ်ဖြစ်ပါ .. ဒီတစ်ခုဖတ်လိုက်တော့လည်း အိမ်က ကလေးတွေ အမျိုးတွေနဲ့ တခြားသော အသိမိတ်ဆွေတွေကို ပုံပြင်ဆန်ဆန်လေးပြန်ပြောနိုင်ရင်ပဲ ကျေနပ်ပါတယ်။ အားလုံးပဲ Good Night!!

808 Woody Creation – Ty Woody (Admin)
(Translator By : Hnin Honey) (Source : Youtube / Wiki / Honey Soe)

Comments

Popular posts from this blog

ဂျပန်နိုင်ငံရဲ့ ရာကူဇာဂိုဏ်းဆိုတာ

Vampire ဆိုတာ ဘယ်လိုအကောင်မျိုးလဲ?

ဘုရားသခင်ရဲ့ ဒုတိယသား လူစီဖာ